No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

"ဆယ်အိမ်မှူးများ အရေးကြီးပါသည် (၃)" မင်းသန်းထိုက် (ဒေးဒရဲ) ရွေးချယ်လိုက်တဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးဟာ ပရဟိတစိတ် ရှိသူ၊ ရပ်ရေးရွာရေးမှာ ထက်သန် တက်ကြွသူ၊ ကိုယ်ကျင့်တရား ကောင်းသူ၊ အထက်အဖွဲ့အစည်း အဆင့်ဆင့်နဲ့ ဆက်ဆံရာမှာ ပြေ ပြစ်ချေငံစွာနဲ့ မှန်ရာကို ရဲရဲဝံ့ဝံ့ ထောက်ပြပြောဆိုရဲသူဖြစ်ဖို့လိုပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရပ် ကျေးအုပ်ချုပ်ရေးမှူးဆိုတာ အုပ် ချုပ်ရေးကဏ္ဍမှာ အခြေခံအကျ ဆုံးပါ။ အောက်ခြေပြည်သူလူထု ကို တိုက်ရိုက်ထိတွေ့ဆက်ဆံပြီး အောက်ခြေမှာဖြစ်နေသမျှ ကိစ္စ အဝဝကို အထက်အဖွဲ့အစည်းအ ဆင့်ဆင့်ဆီ တင်ပြပေးရသူပါ။ တစ်နည်းပြောရရင် အထက်နဲ့ အောက်ကြားက ပေါင်းကူးတံ တားဖြစ်ပါတယ်။ ဒီလို ပေါင်းကူး တံတားက အထက်ဖား အောက်ဖိ လုပ်တတ်တဲ့သူဖြစ်မယ်၊ ဆိုင်ရာ ပိုင်ရာတွေနဲ့ပေါင်းပြီး ကိုယ်ကျိုး ရှာတတ်တဲ့သူဖြစ်မယ်၊ ငါ့အမျိုး ကောင်းစားရေး ရှေးရှုတတ်တဲ့သူ ဖြစ်မယ်ဆိုရင် အဲဒီရပ်ကွက်၊ အဲ ဒီရွာ ဘယ်တော့မှ မဖွံ့ဖြိုး၊ မတိုး တက်တော့ဘူး။ အခုလက်ရှိ ရပ်ကျေးအုပ် ချုပ်ရေးမှူးတွေထဲမှာ အဲဒီလို အတ္တသမားတွေပါတာ တွေ့ရ တယ်။ ဒါကြောင့် ကိုဗစ်အတွက် ပေးတဲ့ ထောက်ပံ့ကြေးကို ဆင်းရဲ သားတွေ ဝေမပေးဘဲ တစ် ယောက်တည်းကိုယ်ကျိုး သုံးပစ် လို့ အဂတိတိုက်ဖျက်ရေးကော်မ ရှင်က တရားစွဲရတဲ့ ရပ်ကျေးအုပ် ချုပ်ရေးမှူးတွေ ရှိလာတာပေါ့။ ရပ်ရွာက ဝိုင်းပြီး ဆန္ဒထုတ်ဖော်ခံ ရတဲ့ အုပ်ချုပ်ရေးမှူးတွေ ရှိလာ တာပေါ့။ လယ်မြေတွေကို အ ကွက်ဖော်ပြီး ရောင်းစားလို့ တိုင် ကြားခံရတဲ့ အုပ်ချုပ်ရေးမှူးတွေ ရှိလာတာပေါ့။ ဒီလိုလူတွေဟာ အထက်ကလုပ်ပိုင်ခွင့်ရှိတဲ့သူ တွေနဲ့ ပေါင်းတဲ့သင်းတဲ့နေရာမှာ တော့ အင်မတန် လိမ္မာကျွမ်းကျင် ကြတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ လည်း အုပ်ချုပ်ရေးပိုင်းမှာ ရပ် ကျေးအဆင့်သာ ရွေးကောက်ခံ ဖြစ်ပြီး မြို့နယ်နဲ့ ခရိုင်က ထွေ အုပ်ရဲ့ ခန့်အပ်ခံဝန်ထမ်းဖြစ်နေ တယ်။ ဒီတော့ ရပ်ကျေးအုပ်ချုပ် ရေးမှူးလုပ်ချင်တဲ့သူက လုပ်ပိုင် ခွင့်ရှိတဲ့သူနဲ့ပေါင်းပြီး သူတို့လိုချင် တဲ့ခွင်ရအောင် ဖန်တီးသွားတာ တွေရှိတယ်။ အပြည့်အစုံဖတ်ရန် https://7day.news/302672 Crd