No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အမှုတစ်ခုထပ်တိုးပြီး တရားစွဲဆိုပြန် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်၊ သွင်းကုန် ဥပဒေအပြင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေတစ်ခု ထပ်တိုးပြီး တရားစွဲဆိုလိုက်တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောလိုက်ပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီလ (၁၆) ရက်နေ့မှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဗီဒီယိုကွန်ဖရင့်နဲ့ ပထမဆုံးအကြိမ် ဇဗ္မူသီရိမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ရာ နိုင်ငံတော် သမ္မတဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ၊ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်တို့ကိုတော့ မူလက တရားစွဲဆိုထားတဲ့ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ အပြင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ပါ ထပ်တိုးတရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။ သတင်းအပြည့်အစုံဖတ်ရှုရန်။ https://www.duwun.com.mm/news/local-news/p-id48849 Credit: