
ကိုဗစ်ကာကွယ်ဆေးဝယ်ယူဖို့ အကယ်ဒမီကျော်သူ သိန်း ၁၀၀ လှူဒါန်း ဇန်နဝါရီ - ၁၁၊၂၀၂၁ Covid -19 ကူးစက်ရောဂါနဲ့ပတ်သက်ပြီး ကာကွယ်ဆေးဝယ်ယူနိုင်ဖို့ နာရေးကူညီမှုအသင်းဥက္ကဌဖြစ်တဲ့ အကယ်ဒမီကျော်သူက သိန်း ၁၀၀ လှူဒါန်းခဲ့ပါတယ်။ နာရေးကူညီမှုအသင်း (ရန်ကုန်)ကနေ ကာကွယ်ဆေးအတွက် လှူဒါန်းခြင်းဖြစ်တယ်လို့ အကယ်ဒမီကျော်သူ က သူ့ရဲ့လူမှုကွန်ရက်ကတဆင့် ရေးသားဖော်ပြထားပါတယ်။ Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီကနေ Covid-19 ကာကွယ်ဆေးဝယ်ယူနိုင်ရေးအတွက် Covid-19 ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေစီမံခန့်ခွဲမှုဆပ်ကော်မတီကို ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ဖွဲ့စည်းထားတာပါ။ ဆပ်ကော်မတီကနေ COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ (COVID-19 Vaccination Fund)ကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင်ဖွင့်လှစ်ထားပြီး လှူဒါန်းလိုသူများ ထည့်ဝင်လှူဒါန်းနိုင်ကြောင်းအသိပေးကြေညာထားပါတယ်။ Credit: 7Day TV