No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ရွေးကောက်ပွဲရလဒ်ကိုမယုံကြည်ဟု ကြွေးကြော်ဆန္ဒပြသူတွေက NLD အင်္ကျီဝတ်ဆင်ထားသူအပါအဝင် ရပ်ကြည့်နေသူအချို့ကို ရန်ပြု ------------------------- ဒီကနေ့ ညနေ ၃နာရီခွဲဝန်းကျင်က ရန်ကုန်မြို့၊ ကြေးသွန်းဘုရားအနီးမှာ UEC နဲ့ ရွေးကောက်ပွဲရလဒ်အပေါ်မယုံကြည်ဟုဆိုကာ ဆန္ဒထုတ်ဖော်ပြသသူတွေက လာရောက်ကြည့်ရှုနေသူအချို့ကိုရန်ပြုတိုက်ခိုက်မှုဖြစ်စဉ်ရှိခဲ့တယ်လို့ မြေပြင်မှာသတင်းရယူနေတဲ့ Duwun သတင်းထောက်ရဲ့သတင်းပေးပို့မှုအရသိရပါတယ်။ အင်အားရာဂဏန်းဝန်းကျင်ရှိတဲ့ ဆန္ဒပြသူတွေက NLDပါတီအမှတျတံဆိပျပါအကြီၤဝတျဆငျထားသူတဈဦးကို တစုံတရာပြောဆိုတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုးနှက်တိုက်ခိုက်မှုတွေလုပ်ခဲ့သလို လမ်းဘေးမှာရပ်ကြည့်နေသူ အမျိုးသားတစ်ဦးကိုလည်း အုတ်နီခဲနဲ့ပစ်ပေါက်တိုက်ခိုက်ခဲ့တဲ့အတွက် ဦးခေါင်းကွဲဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဇန်နဝါရီ(၃၀)ရက်၊ ဒီကနေ့ညနေပိုင်းမှာ ဆန္ဒထုတ်ဖော်သူတွေဟာ စုရပ်နေရာ(၃)နေရာကနေ ကြေးသွန်းဘုရားအနီးလာရောက်စုဝေးခဲ့ပြီး "မြန်မာ့ပြည်တွင်းရေးအား ပြည်ပမှဝင်ရောက်စွက်ဖက်မှုကိုလက်မခံပါ" "ပြည်ပအားကိုးပုဆိန်ရိုးတွေကို ချေမှုန်းကြ" ဆိုတဲ့ စာတန်းတွေကိုကိုင်ဆောင်ဆန္ဒပြခဲ့ကြတာပါ။ ညနေ ၄နာရီခွဲမှာတော့ လူစုကွဲသွားပြီး ရဲတပ်ဖွဲ့တွေလည်းရောက်ရှိလာခဲ့ကြတယ်လို့သိရပါတယ်။ ဓာတ်ပုံ - ဝင်းလွင် Credit: