No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

COVID ကာလအလွန် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြင်ဦးလွင်မြို့ ခရီးစဉ်နေရာများ ကို ဖော်ထုတ်၍ အဆင့်မြှင့်တင်မှုများ ပြုလုပ်နေ ====================================================== COVID - 19 ကာလအလွန် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြင်ဦးလွင်မြို့ ခရီးစဉ် နေရာ များကို ဖော်ထုတ်၍ အဆင့်မြှင့်တင်မှုများ ပြုလုပ်နေလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပြင်ဦးလွင်မြို့နယ် မဲ ဆန္ဒနယ်အမှတ် (၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက ပြောသည်။ ပြင်ဦးလွင်မြို့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျနော်တို့ စလုပ်နေပါပြီ၊ ဘာကြောင့်လုပ်ဖြစ် သလဲဆိုရင်ပြင်ဦးလွင်ဒေသမှာက သဘာဝအရင်းအမြစ်တွေ ရှိတယ်၊ယဉ်ကျေးမှုအမွေအနှစ်တွေ ရှိတယ်၊ ပြီးတော့ ကိုလိုနစ်ခေတ် တုန်းက ဘုရင်ခံတွေနေခဲ့တဲ့နေရာ၊ ရာသီဥတုကလည်း အေးချမ်းတယ်၊ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်လာမယ်ဆိုရင် ဒေသမှာရှိတဲ့ ပြည်သူတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ လည်းဖွံ့ဖြိုးတိုက်တက်မယ်၊ မြင်းလှည်းသမား၊ မုန့် လင်မယားသည်ကအစ ဟိုတယ်လုပ်ငန်းကြီးတွေ ထိ တိုးတက်လာမယ်ဟု ယင်းကပြောသည်။ ပြင်ဦးလွင်မြို့နယ်တွင် ခရီးစဉ်နေရာသစ်များ ဖော်ထုတ်ခြင်း၊ အဆင့်မြှင်တင်ခြင်းများ ပြုလုပ်ရခြင်းမှာ မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ ချမှတ်ခဲ့သည့် စီးပွားရေးမူဝါဒ ၄ ချက်အရ ဖြစ်ပြီး ဒေသတွင်းတိုင်းရင်း သားလူမျိုးပေါင်းစုံ အလုပ်အကိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရ သည်။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဘာကြောင့်လိုတာလဲဆိုတော့ လမ်းညွှန်ချက်ကလည်း ရှိတယ်၊ လူ တွေအားလုံး လွတ်လပ်စွာ အပန်းဖြေပြီးတော့ တကယ့်သွားလာသင့်တဲ့ ခရီးသွားနေရာတွေရှိတော့ လုပ် ဖြစ်တာပါ၊ ကျနော့်မဲဆန္ဒနယ်ထဲ က ကျေးရွာတွေကို ရောက်တဲ့အခါမှာ သဘာဝတောတောင်စိမ့်စမ်းတွေ ရေတံခွန်တွေ တွေ့ရတယ်၊ အဲဒါတွေကို ဖော်ထုတ် ပြီး ခရီးစဉ် နေရာသစ်တွေအဖြစ် ဖော်ထုတ်ပြီး ခရီး သွားဖွံ့ဖြိုးတိုးတက်ရေးကို လုပ်သွားမှာပါဟု ဦးအောင်မင်းက ဆက် လက် ပြောသည်။ ပြင်ဦးလွင်မြို့သည် အပန်းဖြေမြို့တော်ဖြစ်သည်နှင့်အညီ ခရီးသွားလုပ်ငန်းအပေါ် ၇၀ ရာခိုင်နှုန်းခန့် မှီ တင်းနေသော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် ယခုအခါ ခရီးသွားလုပ်ငန်းများအဆင်မပြေကြပေ။ ကျနော်တို့ ပြင်ဦးလွင်က အပန်းဖြေမြို့တော်ဖြစ်တယ်၊ ရာသီဥတု၊ သစ်ပင်သစ်တောကအစ အခြား ဒေသတွေနဲ့ မတူတော့ ခရီးသွားတွေ စိတ်ဝင်စားတဲ့မြို့လည်း ဖြစ်တယ်၊ ပြောရမယ်ဆိုရင် ပြင်ဦး လွင် မြို့ရဲ့အဓိကစီးပွားရေးလုပ်ငန်းအနေနဲ့ ခရီးသွားလုပ်ငန်းက ၇၀ ရာခိုင်နှုန်းခန့်ထိ မှီတင်းနေတာပေါ့၊ ဒါ ကြောင့် ခရီးသွားတွေ အန္တရာယ်ကင်းကင်း လုံလုံခြုံခြုံနဲ့ သွား လာလည်ပတ်နိုင်အောင် လုပ်ဆောင်ထား ပါတယ်၊ ခရီးသွားလုပ်ငန်းတွေ ကောင်းမွန်မှပဲ ကျနော်တို့မြို့သူမြို့သားတွေ အဆင်ပြေပြေ နေနိုင်ကြမှာ ဖြစ်ပါတယ်၊ လက်ရှိကတော့ ကိုဗစ်ကြောင့် ခရီးသွားလာမှုမရှိတော့ သိပ်မကောင်းဘူးပေါ့ဟု စိမ်းလန်းပြင်ဦးလွင်အဖွဲ့ အတွင်းရေးမှုး ဦးကိုကိုကြီးက ပြောသည်။ ပြင်ဦးလွင်မြို့သည် ကိုလိုနီခေတ် ဘုရင်ခံများ ရုံးစိုက် နေထိုင်ခဲ့သည့် မြို့ဖြစ်သောကြောင့် ကိုလိုနီခေတ် အငွေ့အသက်၊ လက်ရာများ၊ သဘာဝ တော၊ တောင်၊ စိမ့်စမ်း၊ ရေတံခွန်များဖြင့် ပြည်တွင်း ပြည်ပခရီး သွားများကို စွဲဆောင်နိုင်သော မြို့ ဖြစ်သည်နှင့်အညီ ခရီးသွားလည်ပတ်စရာနေရာများအဖြစ် တရုတ်ဘုံ ကျောင်း၊ ကန်တော်ကြီး၊ တိုင်းရင်းသားကျေးရွာ၊ ပိတ်ချင်းမြှောင်ရေတံခွန်၊ ပွဲကောက်ရေတံခွန်၊ သုံးဆင့် ရေတံခွန်၊ အနီးစခန်း၊ ဓာတ်တော်ချိုင့်၊ ထင်းရှုတော၊ သဘာဝ တောတောင်များဖြင့် ဆက်စပ်ထားသည့် ဥယျာဉ်ခြံစိုက်ခင်းများ အစရှိသည့် နေရာများလည်း ရှိသည်။ ပြင်ဦးလွင်မှာက ခရီးသွားနေရာတွေကတော့ အများကြီးရှိတာပေါ့၊ သွားချင်တဲ့နေရာအပေါ် မူတည်တာ ပေါ့၊ စွန့်စားရတဲ့ ခရီးစဉ်တွေကို ကြိုက်တဲ့သူတွေအတွက် မာန်ဟုန်မာန်ပုံခရီးစဉ်၊ ခဲလောင်းချောင်းတော လမ်းခရီးစဉ်နဲ့ ဒုဋ္ဌဝတီမြစ်အတွင်း ကနူးလှေစီးခရီးစဉ်တွေကို ဖော်ဆောင်နေတယ်၊ အဲဒီကနေ နှစ် ၆၀၀ ကျွန်းပင်ကိုလည်း သွားလို့ရအောင်လည်း လုပ်နေတယ်ဟု ဦးကိုကိုကြီးက ဆက်လက် ပြောသည်။ ထို့အပြင် ယခုအခါ ခရီးစဉ်သစ်များအဖြစ် သဘာဝရေတံခွန်များ အပါအဝင် ကျောက်တံခါးလှိုဏ်ဂူ၊ တုံးကြီးမြှောင်၊ အင်္ဂလိပ် ခေတ်က အသုံးပြုခဲ့သည့် မီးစက်ကြီးနှင့် ရှေးဟောင်း အိမ်များ၊ နောင်ချိုမြို့မှ ရွှေတောင်ကြား၊ ဒုဋ္ဌဝတီမြစ်အတွင်း ကနူးလှေစီးခရီးစဉ်၊ မာန်ဟုန်မာန်ပုံခရီးစဉ်၊ ခဲလောင်းချောင်းတော လမ်းခရီးစဉ်တို့ကို စီစဉ်နေလျက်ရှိကြောင်း သိရသည်။ ထိုသို့ COVID - 19 ကပ်ရောကာလအလွန် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြင်ဦးလွင်မြို့ ခရီးစဉ်နေရာများ ဖော်ထုတ် အဆင့်မြှင့်တင်မှုများ ပြုလုပ်ပေးခြင်းဖြင့် ဒေသခံများ၏ အလုပ်အကိုင်အခွင့် အလမ်း ပိုမိုရရှိစေရန် ရည်ရွယ်သဖြင့် စီးပွားရေးသမားများ၏ လက်ဝါးကြီးအုပ် ကြီးစိုးချယ်လှယ်မှု မရှိစေ ရေးကိုလည်း ထည့်သွင်းလုပ်ဆောင်နေလျက်ရှိကြောင်း ဦးအောင်မင်းက ပြောသည်။ နိုင်ထူး(သတင်း-ဓာတ်ပုံ) Credit: