No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

၂၀၁၃ လက်ပံတောင်းတောင်မီးလောင်ဗုံး ပစ်ခတ်မှုတွင် မီးလောင် ဒါဏ်ရာအများဆုံးရခဲ့သော ဆရာတော် ဦးတိက္ခဉာဏပျံလွန်တော်မူ ============================================ (၂၀၁၃)ခုနှစ်ကဖြစ်ခဲ့သော လက်ပံတောင်းတောင်အရေးအခင်းမီး လောင်ဗုံးပစ်ခတ်မှုတွင် မီးလောင်ဒါဏ်ရာအများဆုံးရခဲ့သော ဆရာတော် ဦးတိက္ခဉာဏသည် ဇန်နဝါရီလ(၃၀)ရက် ညပိုင်း(၉)နာရီခွဲခန့်အချိန်က ပျံလွန်တော်မူသွားပြီဖြစ်ကြောင်းသိရသည်။ ဆရာတော်ပျံလွန်တော်မူချိန်တွင်သက်တော်(၇၂)နှစ်ဝါတော်(၂၀)ရှိပြီဖြစ်ပြီ ဖြစ်သည်။ "ဆရာတော်ဦးတိက္ခဉာဏဟာ လက်ပံတောင်းတောင်အရေးအခင်းမှာသံဃာတော်တွေသပိတ်မှောက်ဆန္ဒပြကြရာမှာ သက်ဆိုင်ရာများကပစ်ခတ်နှိမ်နင်းတဲ့အတွက် ဗုံးဒဏ်ကျည်ဒဏ်သင့်ပြီးအဲဒီအချိန်ကတည်းကပျံလွန်တော်မူလုနီးနီးဒါဏ်ရာကြီးရခဲ့ပါတယ်။သို့သော်လည်းသက်ဆိုင်ရာဆေးဌာနများရဲ့ကုသမှု စစ်ကိုင်းသီတဂူဆေးရုံရဲ့ ကုသပေးမှုတွေနဲ့ ပြည်သူ့စောင့်ရှောက်မှုကြောင့်ဆရာတော်ဟာ သက်တော်ရှည်ခဲ့တာအခုအချိန်အထိပါ။(၂၀၁၃) ခုကနေ(၂၀၂၁)ခု အထိ(၈)နှစ်လောက်အသက်ရှည်ခဲ့တာတွေ့ရပါတယ်"ဟုလက်ပံတောင်းတောင်ကယ်တင်ရေးကော်မတီနာယကဦးအံ့မောင်(ဆရာအံ့)ကပြောသည်။ ဆရာတော်၏ကြွင်းကျန်ရစ်သော ရုပ်ကလာဒ်တော်ကို ဇန်နဝါရီလ (၃၁)ရက်နေ့ မွန်းလွဲ(၁)နာရီတွင် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ကျီကုန်းရပ်ကွက် နေအိမ်မှ ကြာနီကန်သုဿန်သို့ ပို့ဆောင်သဂြိုဟ်မည်ဖြစ်ကြောင်းသိရသည်။ "ဆရာတော်ဒါဏ်ရာတွေကုနေတဲ့အချိန်က ကျွန်တော်တို့တွေ့မြင့်ခွင့်ရခဲ့ပါတယ်။ကျောပြင်တစ်ခုလုံးမီးလောင် ပြီးအပေါ်ကအရေပြားတွေပျက်ဆီးသွားခဲ့တယ်လို့ ယူဆရပါတယ်။တစ်ကိုယ်လုံးလည်းပြင်းထန်စွာအနာတရဖြစ်ခဲ့တာကိုတွေ့ရပါတယ်။ဆေးရုံများရဲ့ အပြုအစုအကုအသကောင်းလွန်းလို့(ထိုင်းကိုလည်းသွားကုရတယ်ထင်ပါတယ်)ဆရာတော် ပြန်လည်ကျန်းမာနိုင်ခဲ့တယ်ထင်ပါတယ်။ဆရာတော်ဟာမုံရွာဒေသ သူဒေသသား လက်ပံတောင်းဒေသ သူဒေသ သားတွေရဲ့အကျိုးအတွက် စွမ်းစွမ်းတမံစွန့်လွတ်ပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်ခင်ဗျား"ဟု ဦးအံ့မောင်(ဆရာအံ့)ကပြောသည်။ မျိုးမောင်မောင်-မုံရွာ Crd