No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မြဝတီကို လောင်းကစားလာလုပ်ပြီး ပြန်တဲ့ ထိုင်းနိုင်ငံသားတွေမှာ ကိုဗစ်ပိုးတွေ့တယ်လို့ ဆို ဇန်နဝါရီ-၁၁၊ ၂၀၂၁ မြန်မာနိုင်ငံဘက်ကို လောင်းကစားလာကစားတဲ့ ထိုင်းနိုင်ငံသားအချို့ ကိုဗစ်ရောဂါကူးစက်ခံရမှုတွေရှိနေတယ်လို့ CCSA ပြောရေးဆိုခွင့်ရှိသူ ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာ ရှင်းပြပါတယ်။ ထိုင်း မြန်မာနယ်စပ် မြဝတီမြို့က ကာစီနိုလောင်းကစားရုံတစ်ခုမှာ လာရောက်ကစားပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ပြန်လည်ဝင်ရောက်လာတဲ့ ထိုင်းနိုင်ငံသား ၁၃ ဦးနဲ့ မြန်မာနိုင်ငံသားတစ်ဦးတို့မှာ ပိုးတွေ့ခဲ့တာလို့ ထိုင်းနိုင်ငံကိုဗစ်စီမံခန့်ခွဲမှုဆိုင်ရာ CCSA ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ သူတို့ကို မဲဆောက်ဆေးရုံမှာ ဆေးကုသမှုပေးနေတယ်လို့ ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူက ပြောပြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက မြဝတီမြို့ ကာစီနိုလောင်းကစားရုံကနေတစ်ဆင့် မဲဆောက်မြို့ကို ပြန်ရောက်လာတဲ့ ထိုင်းနိုင်ငံသား ၄၀ ခန့်မှာ ၁၇ ဦးခန့် ပိုးတွေ့ရှိခဲ့ပြီး တခြားထိုင်းနိုင်ငံသား တစ်ရာကျော် လောင်းကစားရုံမှာ ကျန်ရှိနေသေးတယ်လို့ တာ့ခရိုင် Covid-19 သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ုထိုင်းမြန်မာနယ်စပ် မြဝတီမြို့ကနေတစ်ဆင့် မဲဆောက်မြို့ကို ဝင်ရောက်လာသူတွေထဲ ပိုးကူးစက်ခံရသူ အယောက် ၄၀ ခန့်ရှိတာကို ကြားသိရပြီး အသေးစိတ်အချက်အလက်ကိုတော့ မသိရသေးဘူးလို့ CCSA ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားတာပါ။ ထိုင်းနိုင်ငံ တာ့ခရိုင်အုပ်ချုပ်ရေးတာဝန်ရှိသူတွေဘက်တော့ မြန်မာဘက်ကို တရားဝင် သတင်းပေးတာတွေမရှိသေးဘူးလို့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ကိုဗစ်ဖြစ်ပွားမှုအခြေအနေတွေကြောင့် ပြီးခဲ့တဲ့လကစပြီး ထိုင်း မြန်မာနယ်စပ် မြဝတီ မဲဆောက်ဒေသဘက်မှာ တရားမဝင်ဝင်ရောက်လာတာတွေ မရှိစေဖို့အတွက် နှစ်နိုင်ငံအာဏာပိုင်တွေအနေနဲ့ လုံခြုံရေးတိုးမြှင့်ချထားဆောင်ရွက်လျက်ရှိတာပါ။ Cradit :7Day