No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပြန်နိုင်ဟု ဆို နေပြည်တော်စည်ပင်ဧည့်ရိပ်သာမှာရှိနေတဲ့ တိုင်းဒေသကြီးအသီးသီးက ကိုယ်စားလှယ်တွေအနေနဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် နေရပ်ပြန်မယ်ဆိုရင် ပြန်နိုင်တယ်လို့ တပ်မ​တော်အရာရှိတစ်ဦးက လာရောက် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဟုတ်ပါတယ်။ တပ်က သုံးပွင့်နဲ့ တစ်ယောက်ရယ် ရဲရယ် လာပြီးတော့ ကိုယ်အစီအစဉ်နဲ့ကိုယ်ပြန်မယ်ဆို ပြန်နိုင်တယ်လို့ လာပြောပါတယ်။ ခုထိတော့ ပြန်ဖို့ မပြန်ဖို့ကို (ပါတီ)လူကြီးတွေနဲ့ တိုင်ပင်နေတုန်းဖြစ်ပါတယ် လို့ ဂန့်ဂေါမဲဆန္ဒနယ်က ဦးပြူးလွင်က ပြောပါတယ်။ တတိယအကြိမ် လွှတ်တော်တက်မယ့် ရွေးကောက်ပွဲကိုယ်စားလှယ်တွေဟာ တပ်မတော်က ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးကတည်းက စည်ပင်ဧည့်ရိပ်သာအတွင်းမှာ ရှိနေတာဖြစ်ပါတယ်။ ယမန်နေ့ကတည်း ကိုယ်စားလှယ်တွေကို ရွှေ့မယ် ပြောင်းမယ် သတင်းတွေထွက်နေပေမယ့် ရွှေ့ပြောင်းတာမလုပ်ဘဲ ဒီကနေမှာ အခုလို မိမိအစီအစဉ်နဲ့ မိမိပြန်နိုင်တယ်လို့ လာရောက်ပြောဆိုတာဖြစ်ပါတယ်။ Credit: