No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ဖေဖော်ဝါရီ စစ်အာဏာသိမ်း နေ့ရက်များမှတ်တမ်း DVB ၁-၂-၂၀၂၁ -ဖေဖော်ဝါရီ ၁ ရက် မနက် တပ်မတော်က အာဏာသိမ်း။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်နှင့်တိုင်း ဝန်ကြီးချုပ်များနှင့် အစိုးရအဖွဲ့ဝင်များ၊ အန်အယ်လ်ဒီပါတီ ထပ်တန်းခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်း။ မြဝတီရုပ်သံမှလွဲ၍ ကျန်ရုပ်သံလိုင်းအားလုံး၊ ရေဒီယို၊ အင်တာနက်နှင့် တယ်လီဖုန်းဆက်သွယ်ရေးလိုင်းများအားလုံး ဖြတ်တောက်။ -ဒုသမ္မတ ဦးမြင့်ဆွေ ၊ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအပါအဝင် ၇ ဦးက ကာကွယ်ရေးနှင့် လုံ ခြုံရေးကောင်စီ အစည်းအဝေးကျင်းပ။ -မဲစာရင်းများ စစ်ဆေးအတည်ပြုခြင်းအပါအဝင် လိုအပ်သည့်အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၄၁၈ ပုဒ်မ ခွဲ(က)အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့အား ကာကွယ်ရေးဦးစီချုပ်ထံ လွဲအပ်ကြောင်း ယာယီသမ္မတ ဦးမြင့်ဆွေက ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ထုတ်ပြန်။ -တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက အာဏာသိမ်းရခြင်းနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အသိပေးချက်ထုတ်ပြန်။ အရေးပေါ်ကာလပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးပါက ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရပါတီအား ပြန်လည်၍ အာဏာလွှဲ ပြောင်းပေးမည်ဟု ကြေညာ။ -ဒုဗိုလ်ချုပ်ကြီးရာပြည့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေး ပါဝင်သော စုစုပေါင်း အဖွဲ့ဝင်(၇) ဦးပါ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကို ပြန်လည်ဖွဲ့စည်းကြောင်းထုတ်ပြန်။ -ပြည်ထောင်စုဝန်ကြီး (၁၁) ဦးကို ပြည်ထောင်စုဝန်ကြီးများအဖြစ်ခန့်အပ် တာဝန်ပေးကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက အမိန့်အမှတ် ( ၆/၂၀၂၁ ) ဖြင့်ထုတ်ပြန်။ -နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို တာဝန်မှရပ်စဲ။ ဦးသန်းဆွေအား ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌအဖြစ်ခန့်အပ်။ -လွှတ်တော်အစည်းအဝေးတက်ရန် ရောက်ရှိနေသည့် နေပြည်တော် စည်ပင်ရိပ်သာရှိ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များကို အပြင်ထွက်ခွင့်မပေးဘဲ တားဆီးပိတ်ပင်ထား။ ၂-၂-၂၀၂၁ -ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုဥက္ကဋ္ဌ-ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူး၊ ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဖဒိုမန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ တို့ပါဝင်တဲ့ ၁၁ ဦးပါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်း။ -အာဏာသိမ်းစစ်ကောင်စီက ဒေါက်တာသီတာဦးအား ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ခန့်အပ်။ ဒေါက်တာကံဇော်အား ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ်ခန့်အပ်။ ဒုရှေ့နေချုပ်ဦးဝင်းမြင့်အား တာဝန်မှရပ်စဲ။ ဒုရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးအား အငြိမ်းစားပေး။ -အာဏာသိမ်းစစ်ကောင်စီက ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်အား ပြည်ထောင်စု အစိုးရအဖွဲ့ဝန်ကြီးဌာန၊ ဒုဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ပေး။ ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်အား ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုဝန်ကြီးအဖြစ် ခန့်အပ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်တာဝန်ကို ပူးတွဲ တာဝန်ပေး။ ဥက္ကဋ္ဌဦးသိန်းစိုးပါဝင်သော ၆ ဦးပါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ခန့်အပ်။ ဦးသန်းညိန်းအား ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ခန့်အပ်။ ဦးခင်မောင်ရီအားသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးရွှေလေး အား ဆောက်လုပ်ရေးဝန်ကြီးအဖြစ်ခန့်အပ်။ -အာဏာသိမ်းစစ်ကောင်စီက တိုင်းဒေသကြီး၊ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ ခန့်အပ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်။ ဒေါက်တာမောင်မောင်နိုင်အား နေပြည်တော်ကောင်စီဥက္ကဋ္ဌအဖြစ် ခန့်အပ်။ -ဖမ်းဆီးခံခေါင်းဆောင်များကိုလွှတ်ပေးရန် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရန်၊ တတိယအကြိမ်လွှတ်တော်ခေါ်ရန် အန်အယ်လ်ဒီကြေညာ။ -ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဗြိတိန်က ဦးဆောင်မှုဖြင့် မြန်မာ့အရေးဆွေးနွေး တရုတ် ရုရှားတို့၏ သဘောတူညီမှုမရသဖြင့် ကြေညာချက်မထုတ်နိုင်။ -နိုင်ငံတော်အာဏာသိမ်းကြောင်းထုတ်ပြန်ချက်များ ထုတ်ပြီးနောက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပု၊ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနှင့် ရခိုင်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှတို့ ကို တပ်မတော်ကဖမ်းဆီး‌ခေါ် ဆောင်သွားပြီး အစိုးရအဖွဲ့ဝန် ကြီးအိမ်ရာအတွင်း ရှိနေသော ပြည်နယ်ဝန်ကြီးများ၊ တရားသူ ကြီးချုပ်နှင့် ဥပဒေချုပ်တို့ကို နေအိမ်တွင် ထိန်းသိမ်းထား။ -နိုင်ငံတဝန်း နေအိမ်အသီးသီးက စစ်တပ်အာဏာသိမ်းမှုကိုလက်မခံကြောင်းပြသသည့်အနေဖြင့် ရပ်ကွက်နေပြည်သူများက သံပုံးတီးပြီး စတင်ဆန္ဒထုတ်ဖော်။ #DVB #readmore # http://burmese.dvb.no/archives/447894 Credit: