
သတိပြုစရာ အီးမေးလ်ပို့လိမ်လည်ခြင်းမှ ရှောင်ရှားနိုင်ရန် ကမ္ဘောဇဘဏ်ထုတ်ပြန် Customer များရဲ့ အရေးကြီး ကိုယ်ရေးကိုယ်တာအချက်အလက်များကို နည်းမျိုးစုံဖြင့် လိမ်လည်တောင်းဆိုမှုများ ရှိနိုင်သည့်အနက်မှ ပထမဦးဆုံးအနေဖြင့် အီးမေးလ်ပေးပို့လိမ်လည်ခြင်းကို သိရှိရှောင်ရှားနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ လိမ်လည်သူများသည် မိမိအသုံးပြုနေသော ဘဏ်အဖြစ် ဟန်ဆောင်ကာ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို အီးမေးလ်ပေးပို့လိမ်လည်တတ်ကြပါတယ်။ သံသယဖြစ်ဖွယ်အီးမေးလ်များမှတဆင့် မိမိ၏ အချက်အလက်များ ပေါက်ကြားမှုမရှိစေရန် အောက်ပါအချက်များကို သတိပြုလိုက်နာကြရန် အထူးလိုအပ်ပါတယ်။ ၁. လိမ်လည်သူများအနေဖြင့် သင်၏ငွေစာရင်းအား အတည်ပြုခိုင်းစေခြင်းဖြင့်" အချက်အလက်များအား တောင်းဆိုလိမ်လည်တတ်ကြသဖြင့် မိမိတို့၏ ငွေစာရင်းအသေးစိတ်အချက်အလက်များ၊ လျှို့ဝှက်PIN နံပါတ်များ၊ ကုဒ်နံပါတ်များကို မည်သည့်အကြောင်းကြောင့်မှ မျှဝေခြင်းမပြုရပါ။ ၂. လိမ်လည်သူများသည် customer များစိတ်ဝင်စားလောက်သော အကြောင်းအရာများနှင့် ချဉ်းကပ်ပြီး link များထဲသို့ ထပ်မံဝင်ရောက်စေပြီး အချက်အလက်များ ထိုးဖောက်ရယူတတ်သောကြောင့် သံသယဖြစ်ဖွယ်ရာ အီးမေးလ် နှင့် linkများကို ဝင်ရောက်ခြင်း မပြုရပါ။ ၃. အီးမေးလ်အတုအယောင်များသည် ငွေစာရင်းနှင့်စပ်လျဉ်ပြီး ဆောင်ရွက်ရန် "၄၈ နာရီအတွင်း အကြောင်းမပြန်ပါက စာရင်းပိတ်သိမ်းမည်" ဟူ၍ ထင်ယောင်ထင်မှားဖြစ်ဖွယ်ရာ စာသားများပေးပို့ကာ လိမ်လည်တတ်သောကြောင့် customer များအနေဖြင့် မည်သည့်စိစစ်ဆောင်ရွက်မှုများမပြုလုပ်ဘဲ အလျင်အမြန်အကြောင်းပြန်ခြင်းများ မပြုရပါ။ ကမ္ဘောဇဘဏ်အနေဖြင့် customer များ၏ ငွေစာရင်းအသေးစိတ်အချက်အလက်များ၊ PIN နံပါတ်၊ OTP နံပါတ်များအား မည်သည့်အခါမှ တောင်းဆိုမည်မဟုတ်ပါကြောင်း သတိပြုမှတ်သားရန် လိုအပ်ကြောင်းထုတ်ပြန်ထားပါတယ်။ Credit-KBZ Bank Myanmar #WeNews Crd