No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ကရင်နီတိုင်းရင်းသားဘာသာ အစီအစဉ် ~~~~~ လီဆူးတိုင်းရင်းသားတွေ နေထိုင်တဲ့ အိုင်စန့်ကျေးရွာမှာ ခရီးသွားလုပ်ငန်း ဖော်ဆောင်မည် ကယားပြည်နယ် လွိုင်ကော်မြို့နယ်က လီဆူးတိုင်းရင်းသားတွေနေထိုင်တဲ့ အိုင်စန့်ကျေးရွာမှာ ခရီးသွားလုပ်ငန်း ဖော်ဆောင်သွားဖို့ ရှိတယ်လို့ ဟိုတယ်နဲ့ ခရီးသွားလမ်းညွှန်မှုဦးစီးဌာန ကယားပြည်နယ်တာဝန်ခံ ဦးလင်းဇော်ထွဋ် ကပြောပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကယားလူမျိုးမဟုတ်ဘူး။ လီဆူးတွေဖြစ်တယ်။ ဒါပေမဲ့ လီဆူးဖြစ်ပေမယ့်လည်း ကျတော်တို့က ကိုယ့်ကယားပြည်နယ်မှာနေတဲ့ တိုင်းရင်းသားသည် တိုင်းရင်းသားပါပဲ။ အဲဒါကြောင့် ကျတော်တို့က ဝန်ကြီးဌာနရဲ့ အသိအမှတ်ပြုတဲ့ ရပ်ရွာအခြေပြုခရီးသွား လုပ်ငန်း( CBT) ဆိုတာလည်း အစိုးရဌာနက အသိအမှတ်ပြုမှ ရပ်ရွာအခြေပြုခရီးသွား လုပ်ငန်း( CBT) ဆိုတာ လုပ်လို့ရတာလေ။ ဒါကြောင့် ကျတော်တို့ ဝန်ကြီးဌာနကနေ အခုကွင်းဆင်းတယ်၊ ကွင်းဆင်းပြီးရင် ဆက်လက်ဆောင်ရွက်ပေးရမယ်။ လို့ ဦးလင်းဇော်ထွဋ်က ပြောပါတယ်။ ၂၀၂၁ ၊ ဇန်နဝါရီလ ၂ရက်နေ့မှာ ဟိုတယ်နဲ့ ခရီးသွားညွှန်ကြားမှုဦးစီးဌာနက ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း ဖော်ဆောင်ဖို့အတွက် အိုင်စန့်ကျေးရွာကို ကွင်းဆင်းကြည့်ရှုခဲ့ကြပါတယ်။ အိုင်စန့်ကျေးရွာမှာ ဆိုရင် ၂၀၁၆-၂၀၁၇လောက်ကတည်းက နိုင်ငံခြားသားခရီးသွား ဧည့်သည်တွေ၊ ပြည်တွင်းက ခရီးသွားတွေပါ လာရောက်လည်ပတ်နေကြတာ ရှိတယ်လို့ ဆိုပါတယ်။ အိုင်စန့်ကျေးရွာက လီဆူးတိုင်းရင်းသားတွေဟာ ရိုးရာအဝတ်အထည်တွေကို ကိုယ်တိုင် ရက်လုပ်ပြီး ဝတ်ဆင်တာတွေ၊ ဘူးသီးခြောက်တွေနဲ့ ပြုလုပ်ထားတဲ့ ရိုးရာပုလွေတွေ၊ လီဆူးမျိုးနွယ်စုတွေရဲ့ အိမ်တွေနဲ့ တခြားရိုးရာပစ္စည်းတွေ များစွာရှိပါတယ်။ ကျေးရွာမှာ ခရီးသွားလုပ်ငန်းကို လာရောက်ဖော်ဆောင်ပေးရင်တော့ ကိုယ့်လူမျိုးရဲ့ ရိုးရာဓလေ့ကို ပြသခွင့်ရမှာ ဖြစ်တယ်လို့ အိုင်စန့်ကျေးရွာမှာ နေထိုင်တဲ့ မအားမီကပြောပါတယ်။ ဘယ်လိုသဘောထားရလဲဆိုတော့ ကောင်းတာပေါ့။ ကိုယ့်ရဲ့ရိုးရာတွေ၊ ကိုယ့်ရဲ့ဓလေ့တွေကို အဲ့လိုမျိုး ပြသခွင့်ရမယ်ဆိုတာ အကောင်းတကာ့ အကောင်းဆုံးပေါ့ မအားမီ ကပြောပါတယ်။ ကယားပြည်နယ်အတွင်းမှာ ဟိုတယ်နဲ့ ခရီးသွားလမ်းညွှန်မှုဦးစီးဌာနကနေ ကယန်းလူမျိုးတွေ နေထိုင်ကြတဲ့ ပန်ပက်ကျေးရွာ၊ ကယားလူမျိုးတွေရှိတဲ့ တနီးလာလဲကျေးရွာ၊ ဒေါတမကြီးကျေးရွာ၊ ကယောလူမျိုးတွေ နေထိုင်ကြတဲ့ ထေခိုကျေးရွာတွေမှာ ပြည်တွင်းပြည်ပက ခရီးသွားဧည့်သည်တွေ သွားရောက် လည်ပတ်ဖို့အတွက် CBT လုပ်ငန်းတွေ ဆောင်ရွက်ထားပါတယ်။ ဒါ့အပြင် ရှားတောမြို့နယ်မှာရှိတဲ့ ရေပူစမ်း၊ ရွာသစ်မြို့နယ်မှာရှိတဲ့ ရေတံခွန်နဲ့ ရှေးဟောင်း ဘုရားကျောင်းတွေကို ဟိုတယ်နဲ့ ခရီးသွားညွှန်ကြားမှုဦးစီးဌာနက ကွင်းဆင်းကြည့်ရှုထားတယ်လို့ သိရပါတယ်။ အကျဉ်းချုံးသာပြုလုပ်ခဲ့ရတဲ့ နှစ် (၂ဝ) ပြည့် မနုမနော(ကော်ယော်)အမျိုးသားနေ့ နှစ်တစ်နှစ်ရဲ့ ပထမဆုံးလဖြစ်တဲ့ ဇန်နဝါရီလ ၃ ရက်နေ့မှာဆိုရင် ကယားမျိုးနွယ်စု (၉)မျိုးထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ မနုမနော(ကော်ယော်)လူမျိုးတွေရဲ့ အရေးကြီးပြီး နေ့ထူးနေ့မြတ်ဖြစ်တဲ့ အမျိုးသားနေ့ ပဲ ဖြစ်ပါတယ်။ မနုမနော(ကော်ယော)လူမျိုးစုအများစုက ဖရူဆိုမြို့နယ် တော်ခူကျေးရွာအုပ်စုနဲ့ ဒိုးလာစော ကျေးရွာအုပ်စုတွေမှာ နေထိုင်ကြပါတယ်။ ဒီနှစ်ကျရောက်တဲ့ အမျိုးသားနေ့ကို မနုမနော (ကော်ယော်) လူမျိုး ဘိုးဘွားတို့ရဲ့ ချက်မြှုပ်ရာ မြေဖြစ်တဲ့ ဖွန်ဘော်ခွတ်တောင်ထိပ်မှာ အကျဉ်းချုံးပြီး ပြုလုပ်ကြပါတယ်။ တော်ခူကျေးရွာအုပ်စု၊ ဒိုးလာစော ကျေးရွာအုပ်နဲ့ တခြားဒေသတွေမှာ နေထိုင်တဲ့ မနုမနော(ကော်ယော်) လူငယ်တွေ စုပေါင်းပြီး ပြုလုပ်ကြတာပါ။ ဖွန်ဘော်ခွတ်တောင်ဟာ မနုမနော(ကော်ယော်)လူမျိုးတွေရဲ့ အမျိုးသား အမှတ်လက္ခဏာ တစ်ခုပါ။ ဒါကြောင့် ဒီနှစ်မှာ ကျေးရွာအသီးသီးက လူမျိူးစု လူငယ်တွေ ပြန်လည်ပေါင်းစည်းဖို့၊ ချစ်ကြည်ရင်းနှီးမှုတွေ ပြန်လည်တည်ဆောက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လူငယ်တွေက ဖွန်ဘော်ခွတ်တောင်ပေါ်မှာ စုစည်းခဲ့ကြပါတယ်။ ဗဟိုကော်မတီအတွင်းရေးမှူး လူငယ်ဥက္ကဋ္ဌဖြစ်တဲ့ အန်ထော်နီ က .... လူငယ်ကနေပြီးတော့မှ ဒီအမျိုးသားနေ့ကို စပြီးတော့မှ တောင်ပေါ်လာရတဲ့အဓိက ရည်ရွယ်ချက်တစ်ချက်ကလည်း ရှိတာပေါ့နော။ အဓိက ကျတော်တို့ လူငယ်တွေ ပြန်ပေါင်းစည်းရေးပေါ့နော ။ အခုတက်သစ်စလူငယ်တွေ ပြန်ပေါင်းစည်းဖို့က အရမ်းခက်ခဲတယ်။ အမျိုးသားရေးကို ဆောင်ရွက်တဲ့ လူငယ်တွေလည်း ရှားပါတယ်။ တကယ့် အမျိုးကိုချစ်ပြီး အမျိုးသားလက္ခဏာကို ထိန်းသိမ်းဖို့ လူငယ်တွေအရမ်း ဒီနောက်ပိုင်း နည်းလာတယ်။ အားနည်းလာတာကို တွေ့ရတဲ့အချိန်မှာ အခုလို ပြန်စုစည်းဖို့ အဓိက ရည်ရွယ်ချက် တစ်ချက်ကလည်း အဲဒါပါတယ်ပေါ့နော်။ အဓိက အားပြန်ကောင်းဖို့ လူငယ်တွေကနေပြီးတော့မှ ဒီကနေစပြီးတော့ ရှေ့ဆက် လူငယ်ရဲ့ တက်လမ်းတစ်လျှောက်မှာ ရေရှည်သွားနိုင်ဖို့ စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ဒီလူငယ်ရဲ့အရေးကို ဆောင်ရွက်ပြီးတော့မှ ကျတော်တို့ အမျိုးသားတစ်ခုလုံးရဲ့အရေးကို ဆက်လက်ဆောင်ရွက်နိုင်ဖို့ စည်းလုံးညီညွတ်ရေးကိုလည်း အခြေခံပြီးတော့မှ ဒီမှာ ချစ်ကြည်ရင်းနှီးမှုတွေ လာတည်ဆောက်ရခြင်း ဖြစ်တယ်ပေါ့။ အကျဉ်းချုံး ပြုလုပ်ခဲ့ရတဲ့ အခမ်းအနားမှာတော့ အဖွင့်ဆုတောင်းတာတွေ၊ အဖွင့်အမှာစကားပြောကြားတာတွေ၊ အမျိုးသား ဗဟိုကော်မတီကနေ ပေးပို့လာတဲ့ သဝဏ်လွှာ ဖတ်ကြားတာတွေ၊ သမိုင်းကြောင်း ဖတ်ကြားတာတွေ၊ အမျိုးသားသီချင်း သီဆိုတာတွေ၊ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးတာတွေ စတဲ့ အစီအစဉ်တွေနဲ့ ဆောင်ရွက်ခဲ့ပြီး လူငယ်တစ်ရာနီးပါးက ပါဝင်တက်ရောက်ခဲ့ပါတယ်။ ပါဝင်တက်ရောက်ခဲ့သူ လူငယ်တဦးဖြစ်တဲ့ မုရိုစီက .... ကျမတို့ လူမျိုးစုတွေဟာ တိုင်းရင်းသားတွေထဲမှာ နာမည်လည်းရထားတယ်။ အမည်ပေါက်လည်း ရှိတယ်ဆိုတော့ ကျမတို့က တိုင်းရင်းသား အမျိုးအနွယ်ဖြစ်တယ်။ ပြီးလို့ရှိရင် ကျမတို့လူမျိုးတွေ တိုးတက်ဖို့နဲ့ တခြားလူမျိုးတွေလိုမျိုး ရင်ဘောင်တန်း နိုင်ဖို့အတွက် ကျမတို့ အားတက်သရော ပြန်လည်စည်းလုံးညီညွတ်ခြင်း ပြန်လည် ကျင်းပရခြင်း ဖြစ်ပါတယ်လို့။ ကျမတို့ဒီထက်မက လူငယ်တွေနဲ့တွေ့ပြီးတော့ အတူတကွ ကျမတို့ လူမျိုးတိုးတက်ဖို့ ဒီထက်မက ဖွံ့ဖြိုးတိုးတက်ဖို့ပေါ့နော်။ ကျမတို့လူငယ်တွေ အတူတကွလု ပ်ဆောင်သွားဖို့ ကျမက ဒီကနေပြီး ရည်ရွယ်ပါတယ်။ ဖြစ်ဖို့လည်း ယုံကြည်ပါတယ် မနုမနော(ကော်ယော)အမျိုးသားနေ့ကို ကျင်းပပြုလုပ်လာတာဟာ အခုနှစ်နဲ့ ဆိုရင် နှစ် ၂၀ ရှိနေပါပြီ။ အရင်နှစ်တွေမှာတော့ ဒေသအလိုက်၊ကျေးရွာအလိုက် အမျိုးသားနေ့ကို ကျင်းပကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်မှာတော့ မနုမနော(ကော်ယော်)အမျိုးသားနေ့ကို ဖရူဆိုမြို့နယ်၊ ညောင်ဇင်ရပ်ကွက်မှာ ခမ်းခမ်းနားနား ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ်အစိုးရက တက်ရောက်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ကိုဗစ်အခြေအနေကြောင့် ဖွန်ဘော်ခွတ်တောင်ပေါ်မှာ အထိမ်းအမှတ်ပြုလုပ်တာတွေ၊ ကျေးရွာအချို့မှလည်း ဝတ်ပြုဆုတောင်းတာတွေသာ ပြုလုပ်ခဲ့ရပါတယ်။ မနုမနော(ကော်ယော်)လူမျိုးစုတွေဟာ ဖရူဆိုမြို့နယ်အတွင်းမှာ အများဆုံးနေထိုင်ကြပြီး လွိုင်ကော်၊ ဒီမော့ဆို၊ ဖားဆောင်း၊ ဘောလခဲ စတဲ့ နေရာတွေမှာလည်း နေထိုင်ကြပါတယ်။ တော်ခူအုပ်စုမှာ နေထိုင်တဲ့သူတွေက နှစ်ခြင်းခရစ်ယာန်ဘာသာကို ယုံကြည်ကိုးကွယ်ကြသလို၊ ဒေါလာစောအုပ်စုမှာ နေထိုင်တဲ့သူတွေကတော့ ကက်သလစ် ခရစ်ယာန်ဘာသာကို ယုံကြည်ကြပြီး တပြည်နယ်လုံး မနုမနော (ကော်ယော်)လူမျိုးစု လူဦးရေ စုစုပေါင်း တစ်သောင်းဝန်းကျင် ရှိပါတယ်။ - Unicode ~~~~~~~ ကရင်နီတိုင်းရင်းသားဘာသာ အစီအစဉ် ~~~~~ လီဆူးတိုင်းရင်းသားတွေ နေထိုင်တဲ့ အိုင်စန့်ကျေးရွာမှာ ခရီးသွားလုပ်ငန်း ဖော်ဆောင်မည် ကယားပြည်နယ် လွိုင်ကော်မြို့နယ်က လီဆူးတိုင်းရင်းသားတွေနေထိုင်တဲ့ အိုင်စန့်ကျေးရွာမှာ ခရီးသွားလုပ်ငန်း ဖော်ဆောင်သွားဖို့ ရှိတယ်လို့ ဟိုတယ်နဲ့ ခရီးသွားလမ်းညွှန်မှုဦးစီးဌာန ကယားပြည်နယ်တာဝန်ခံ ဦးလင်းဇော်ထွဋ် ကပြောပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကယားလူမျိုးမဟုတ်ဘူး။ လီဆူးတွေဖြစ်တယ်။ ဒါပေမဲ့ လီဆူးဖြစ်ပေမယ့်လည်း ကျတော်တို့က ကိုယ့်ကယားပြည်နယ်မှာနေတဲ့ တိုင်းရင်းသားသည် တိုင်းရင်းသားပါပဲ။ အဲဒါကြောင့် ကျတော်တို့က ဝန်ကြီးဌာနရဲ့ အသိအမှတ်ပြုတဲ့ ရပ်ရွာအခြေပြုခရီးသွား လုပ်ငန်း( CBT) ဆိုတာလည်း အစိုးရဌာနက အသိအမှတ်ပြုမှ ရပ်ရွာအခြေပြုခရီးသွား လုပ်ငန်း( CBT) ဆိုတာ လုပ်လို့ရတာလေ။ ဒါကြောင့် ကျတော်တို့ ဝန်ကြီးဌာနကနေ အခုကွင်းဆင်းတယ်၊ ကွင်းဆင်းပြီးရင် ဆက်လက်ဆောင်ရွက်ပေးရမယ်။ လို့ ဦးလင်းဇော်ထွဋ်က ပြောပါတယ်။ ၂၀၂၁ ၊ ဇန်နဝါရီလ ၂ရက်နေ့မှာ ဟိုတယ်နဲ့ ခရီးသွားညွှန်ကြားမှုဦးစီးဌာနက ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း ဖော်ဆောင်ဖို့အတွက် အိုင်စန့်ကျေးရွာကို ကွင်းဆင်းကြည့်ရှုခဲ့ကြပါတယ်။ အိုင်စန့်ကျေးရွာမှာ ဆိုရင် ၂၀၁၆-၂၀၁၇လောက်ကတည်းက နိုင်ငံခြားသားခရီးသွား ဧည့်သည်တွေ၊ ပြည်တွင်းက ခရီးသွားတွေပါ လာရောက်လည်ပတ်နေကြတာ ရှိတယ်လို့ ဆိုပါတယ်။ အိုင်စန့်ကျေးရွာက လီဆူးတိုင်းရင်းသားတွေဟာ ရိုးရာအဝတ်အထည်တွေကို ကိုယ်တိုင် ရက်လုပ်ပြီး ဝတ်ဆင်တာတွေ၊ ဘူးသီးခြောက်တွေနဲ့ ပြုလုပ်ထားတဲ့ ရိုးရာပုလွေတွေ၊ လီဆူးမျိုးနွယ်စုတွေရဲ့ အိမ်တွေနဲ့ တခြားရိုးရာပစ္စည်းတွေ များစွာရှိပါတယ်။ ကျေးရွာမှာ ခရီးသွားလုပ်ငန်းကို လာရောက်ဖော်ဆောင်ပေးရင်တော့ ကိုယ့်လူမျိုးရဲ့ ရိုးရာဓလေ့ကို ပြသခွင့်ရမှာ ဖြစ်တယ်လို့ အိုင်စန့်ကျေးရွာမှာ နေထိုင်တဲ့ မအားမီကပြောပါတယ်။ ဘယ်လိုသဘောထားရလဲဆိုတော့ ကောင်းတာပေါ့။ ကိုယ့်ရဲ့ရိုးရာတွေ၊ ကိုယ့်ရဲ့ဓလေ့တွေကို အဲ့လိုမျိုး ပြသခွင့်ရမယ်ဆိုတာ အကောင်းတကာ့ အကောင်းဆုံးပေါ့ မအားမီ ကပြောပါတယ်။ ကယားပြည်နယ်အတွင်းမှာ ဟိုတယ်နဲ့ ခရီးသွားလမ်းညွှန်မှုဦးစီးဌာနကနေ ကယန်းလူမျိုးတွေ နေထိုင်ကြတဲ့ ပန်ပက်ကျေးရွာ၊ ကယားလူမျိုးတွေရှိတဲ့ တနီးလာလဲကျေးရွာ၊ ဒေါတမကြီးကျေးရွာ၊ ကယောလူမျိုးတွေ နေထိုင်ကြတဲ့ ထေခိုကျေးရွာတွေမှာ ပြည်တွင်းပြည်ပက ခရီးသွားဧည့်သည်တွေ သွားရောက် လည်ပတ်ဖို့အတွက် CBT လုပ်ငန်းတွေ ဆောင်ရွက်ထားပါတယ်။ ဒါ့အပြင် ရှားတောမြို့နယ်မှာရှိတဲ့ ရေပူစမ်း၊ ရွာသစ်မြို့နယ်မှာရှိတဲ့ ရေတံခွန်နဲ့ ရှေးဟောင်း ဘုရားကျောင်းတွေကို ဟိုတယ်နဲ့ ခရီးသွားညွှန်ကြားမှုဦးစီးဌာနက ကွင်းဆင်းကြည့်ရှုထားတယ်လို့ သိရပါတယ်။ အကျဉ်းချုံးသာပြုလုပ်ခဲ့ရတဲ့ နှစ် (၂ဝ) ပြည့် မနုမနော(ကော်ယော်)အမျိုးသားနေ့ နှစ်တစ်နှစ်ရဲ့ ပထမဆုံးလဖြစ်တဲ့ ဇန်နဝါရီလ ၃ ရက်နေ့မှာဆိုရင် ကယားမျိုးနွယ်စု (၉)မျိုးထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ မနုမနော(ကော်ယော်)လူမျိုးတွေရဲ့ အရေးကြီးပြီး နေ့ထူးနေ့မြတ်ဖြစ်တဲ့ အမျိုးသားနေ့ ပဲ ဖြစ်ပါတယ်။ မနုမနော(ကော်ယော)လူမျိုးစုအများစုက ဖရူဆိုမြို့နယ် တော်ခူကျေးရွာအုပ်စုနဲ့ ဒိုးလာစော ကျေးရွာအုပ်စုတွေမှာ နေထိုင်ကြပါတယ်။ ဒီနှစ်ကျရောက်တဲ့ အမျိုးသားနေ့ကို မနုမနော (ကော်ယော်) လူမျိုး ဘိုးဘွားတို့ရဲ့ ချက်မြှုပ်ရာ မြေဖြစ်တဲ့ ဖွန်ဘော်ခွတ်တောင်ထိပ်မှာ အကျဉ်းချုံးပြီး ပြုလုပ်ကြပါတယ်။ တော်ခူကျေးရွာအုပ်စု၊ ဒိုးလာစော ကျေးရွာအုပ်နဲ့ တခြားဒေသတွေမှာ နေထိုင်တဲ့ မနုမနော(ကော်ယော်) လူငယ်တွေ စုပေါင်းပြီး ပြုလုပ်ကြတာပါ။ ဖွန်ဘော်ခွတ်တောင်ဟာ မနုမနော(ကော်ယော်)လူမျိုးတွေရဲ့ အမျိုးသား အမှတ်လက္ခဏာ တစ်ခုပါ။ ဒါကြောင့် ဒီနှစ်မှာ ကျေးရွာအသီးသီးက လူမျိူးစု လူငယ်တွေ ပြန်လည်ပေါင်းစည်းဖို့၊ ချစ်ကြည်ရင်းနှီးမှုတွေ ပြန်လည်တည်ဆောက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လူငယ်တွေက ဖွန်ဘော်ခွတ်တောင်ပေါ်မှာ စုစည်းခဲ့ကြပါတယ်။ ဗဟိုကော်မတီအတွင်းရေးမှူး လူငယ်ဥက္ကဋ္ဌဖြစ်တဲ့ အန်ထော်နီ က .... လူငယ်ကနေပြီးတော့မှ ဒီအမျိုးသားနေ့ကို စပြီးတော့မှ တောင်ပေါ်လာရတဲ့အဓိက ရည်ရွယ်ချက်တစ်ချက်ကလည်း ရှိတာပေါ့နော။ အဓိက ကျတော်တို့ လူငယ်တွေ ပြန်ပေါင်းစည်းရေးပေါ့နော ။ အခုတက်သစ်စလူငယ်တွေ ပြန်ပေါင်းစည်းဖို့က အရမ်းခက်ခဲတယ်။ အမျိုးသားရေးကို ဆောင်ရွက်တဲ့ လူငယ်တွေလည်း ရှားပါတယ်။ တကယ့် အမျိုးကိုချစ်ပြီး အမျိုးသားလက္ခဏာကို ထိန်းသိမ်းဖို့ လူငယ်တွေအရမ်း ဒီနောက်ပိုင်း နည်းလာတယ်။ အားနည်းလာတာကို တွေ့ရတဲ့အချိန်မှာ အခုလို ပြန်စုစည်းဖို့ အဓိက ရည်ရွယ်ချက် တစ်ချက်ကလည်း အဲဒါပါတယ်ပေါ့နော်။ အဓိက အားပြန်ကောင်းဖို့ လူငယ်တွေကနေပြီးတော့မှ ဒီကနေစပြီးတော့ ရှေ့ဆက် လူငယ်ရဲ့ တက်လမ်းတစ်လျှောက်မှာ ရေရှည်သွားနိုင်ဖို့ စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ဒီလူငယ်ရဲ့အရေးကို ဆောင်ရွက်ပြီးတော့မှ ကျတော်တို့ အမျိုးသားတစ်ခုလုံးရဲ့အရေးကို ဆက်လက်ဆောင်ရွက်နိုင်ဖို့ စည်းလုံးညီညွတ်ရေးကိုလည်း အခြေခံပြီးတော့မှ ဒီမှာ ချစ်ကြည်ရင်းနှီးမှုတွေ လာတည်ဆောက်ရခြင်း ဖြစ်တယ်ပေါ့။ အကျဉ်းချုံး ပြုလုပ်ခဲ့ရတဲ့ အခမ်းအနားမှာတော့ အဖွင့်ဆုတောင်းတာတွေ၊ အဖွင့်အမှာစကားပြောကြားတာတွေ၊ အမျိုးသား ဗဟိုကော်မတီကနေ ပေးပို့လာတဲ့ သဝဏ်လွှာ ဖတ်ကြားတာတွေ၊ သမိုင်းကြောင်း ဖတ်ကြားတာတွေ၊ အမျိုးသားသီချင်း သီဆိုတာတွေ၊ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးတာတွေ စတဲ့ အစီအစဉ်တွေနဲ့ ဆောင်ရွက်ခဲ့ပြီး လူငယ်တစ်ရာနီးပါးက ပါဝင်တက်ရောက်ခဲ့ပါတယ်။ ပါဝင်တက်ရောက်ခဲ့သူ လူငယ်တဦးဖြစ်တဲ့ မုရိုစီက .... ကျမတို့ လူမျိုးစုတွေဟာ တိုင်းရင်းသားတွေထဲမှာ နာမည်လည်းရထားတယ်။ အမည်ပေါက်လည်း ရှိတယ်ဆိုတော့ ကျမတို့က တိုင်းရင်းသား အမျိုးအနွယ်ဖြစ်တယ်။ ပြီးလို့ရှိရင် ကျမတို့လူမျိုးတွေ တိုးတက်ဖို့နဲ့ တခြားလူမျိုးတွေလိုမျိုး ရင်ဘောင်တန်း နိုင်ဖို့အတွက် ကျမတို့ အားတက်သရော ပြန်လည်စည်းလုံးညီညွတ်ခြင်း ပြန်လည် ကျင်းပရခြင်း ဖြစ်ပါတယ်လို့။ ကျမတို့ဒီထက်မက လူငယ်တွေနဲ့တွေ့ပြီးတော့ အတူတကွ ကျမတို့ လူမျိုးတိုးတက်ဖို့ ဒီထက်မက ဖွံ့ဖြိုးတိုးတက်ဖို့ပေါ့နော်။ ကျမတို့လူငယ်တွေ အတူတကွလု ပ်ဆောင်သွားဖို့ ကျမက ဒီကနေပြီး ရည်ရွယ်ပါတယ်။ ဖြစ်ဖို့လည်း ယုံကြည်ပါတယ် မနုမနော(ကော်ယော)အမျိုးသားနေ့ကို ကျင်းပပြုလုပ်လာတာဟာ အခုနှစ်နဲ့ ဆိုရင် နှစ် ၂၀ ရှိနေပါပြီ။ အရင်နှစ်တွေမှာတော့ ဒေသအလိုက်၊ကျေးရွာအလိုက် အမျိုးသားနေ့ကို ကျင်းပကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်မှာတော့ မနုမနော(ကော်ယော်)အမျိုးသားနေ့ကို ဖရူဆိုမြို့နယ်၊ ညောင်ဇင်ရပ်ကွက်မှာ ခမ်းခမ်းနားနား ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ်အစိုးရက တက်ရောက်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ကိုဗစ်အခြေအနေကြောင့် ဖွန်ဘော်ခွတ်တောင်ပေါ်မှာ အထိမ်းအမှတ်ပြုလုပ်တာတွေ၊ ကျေးရွာအချို့မှလည်း ဝတ်ပြုဆုတောင်းတာတွေသာ ပြုလုပ်ခဲ့ရပါတယ်။ မနုမနော(ကော်ယော်)လူမျိုးစုတွေဟာ ဖရူဆိုမြို့နယ်အတွင်းမှာ အများဆုံးနေထိုင်ကြပြီး လွိုင်ကော်၊ ဒီမော့ဆို၊ ဖားဆောင်း၊ ဘောလခဲ စတဲ့ နေရာတွေမှာလည်း နေထိုင်ကြပါတယ်။ တော်ခူအုပ်စုမှာ နေထိုင်တဲ့သူတွေက နှစ်ခြင်းခရစ်ယာန်ဘာသာကို ယုံကြည်ကိုးကွယ်ကြသလို၊ ဒေါလာစောအုပ်စုမှာ နေထိုင်တဲ့သူတွေကတော့ ကက်သလစ် ခရစ်ယာန်ဘာသာကို ယုံကြည်ကြပြီး တပြည်နယ်လုံး မနုမနော (ကော်ယော်)လူမျိုးစု လူဦးရေ စုစုပေါင်း တစ်သောင်းဝန်းကျင် ရှိပါတယ်။ - Zawgyi