No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

နွေမတိုင်ခင် ရေရှားနေပြီ ~~~~~ RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင် နှစ်ပတ်တကြိမ် တင်ဆက်တဲ့ နေစရာဤမြေကမ္ဘာ အပတ်စဉ် အစီအစဉ် ဖြစ်ပါတယ်။ နေစရာဤမြေကမ္ဘာမှာ ၂၀၂၀ ဟာ ကပ်ရောဂါသင့်ရတဲ့နှစ် ဖြစ်ရသလို ကမ္ဘာနဲ့အဝန်း ရာသီဥတု ပြင်းထန်တဲ့ နှစ်လည်း ဖြစ်ပါတယ်။ ပူပြင်းခြောက်သွေ့တဲ့အတွက် သြစတေးလျ၊ အမေရိကားက ကယ်လီဖိုးနီးယားပြည်နယ်၊ ဘရာဇီးလ်နဲ့ ဆိုက်ဘေးရီးယားတွေမှာ တောမီးတွေ မကြုံစဖူး လောင်ကျွမ်းရပါတယ်။ ဇင်ဘာဘွေနဲ့ Madagascar မှာ ကာလရှည်ကြာ မိုးခေါင်တဲ့အတွက် စိုက်ပျိုးရေးကဏ္ဍ ထိခိုက်ပြီး လူသန်းနဲ့ချီ ရိက္ခာအခက်အခဲ ကြုံရပါတယ်။ မနှစ်က မေမှာ Amphan အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း တိုက်ချိန်မှာ မြန်မာ့ကမ်းရိုးတန်းတလျှောက် မိုးသည်းထန်ခဲ့ပါတယ်။ ဒီမုန်တိုင်းက မြန်မာ့အိမ်နီးချင်း အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဦးတည် တိုက်ခတ်သွားပါတယ်။ ဒီအတွက် အရှေ့ပိုင်း အနောက်ဘင်္ဂလားပြည်နယ်က အိမ်ခြေ ၂ သန်း ၉ သိန်း ပျက်စီးသွားတယ်လို့ အိန္ဒိယ ကြက်ခြေနီအသင်းက မနှစ်က ဇွန်လမှာ သတင်း ထုတ်ပြန်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူ နှစ်သန်းခွဲကျော် မုန်တိုင်းသင့်ပြီး အိမ်ခြေနှစ်သန်းကျော် ပျက်စီးရတယ်လို့ မေ ၃၁ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာတစောင်မှာ ဖော်ပြပါတယ်။ အိန္ဒိယ အရှေ့ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်မှာ တိုက်သွားတဲ့ မုန်တိုင်းကြောင့် လူ ၁၅ ယောက် ထက် မနည်းသေဆုံးရပါတယ်။ မုန်တိုင်းမလာခင်ကပဲ လူ သုံးသန်းနီးပါးကို ကြိုတင်ပြီး ဘေးလွတ်ရာ ပြောင်းပေးခဲ့ပါတယ်။ ရွှေ့ပေးရတဲ့လူ အများစုက ဘင်္ဂလားဒေ့ရှ်က ဖြစ်ပါတယ်။ Covid-19 ကပ်ရောဂါကြောင့်လည်း ကယ်ဆယ်ရေး အရေးပေါ် အစီအစဉ်တွေ အဟန့်အတား ဖြစ်ရပါတယ်။ လူချင်း ခပ်ခွာခွာ နေရမယ့်အချိန်မှာ လူတွေ အလုံးအရင်း ပြောင်းပေးရချိန်မှာရော၊ လူချင်း ထပ်မနေအောင် နေရာချထားပေးဖို့ပါ အခက်အခဲဖြစ်ရတယ်လို့ ပြောပါတယ်။ ၂၀၂၀ ဟာ လာနီညာ ကျရောက်တဲ့နှစ်ဖြစ်ပြီး သဘောတရားအရ အအေးဓာတ် သက်ရောက်ရမှာ ဖြစ်ပေမဲ့ အပူဆုံးနှစ် စာရင်းဝင်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ရှမ်းပြည်နယ်ဟာ ဥရောပတိုက် ရေမြေအနေအထား ရာသီဥတုမျိုး ဆန်ပေမဲ့ ခုတော့ တောရိပ်တောင်ရိပ် နည်းလာလို့ အပူရှိန် တက်လာပါတယ်။ မနှစ်ကဆို ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်မှာ အပူချိန် ၂ ဒီဂရီက ၃ ဒီဂရီ တိုးလာတယ်လို့ မကွေးမြို့ အစိမ်းရောင်ကွန်ရက် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေး အဖွဲ့ တာဝန်ခံ ကိုအိုလာက ပြောပြပါတယ်။ ရှမ်းပြည်နယ်ဟာ ကုန်းမြေအနိမ့်အမြင့် ပထဝီသဘာဝကိုလိုက်လို့ ရာသီဥတုအေးပြီး ထင်းရှူးပင်ရှိတဲ့ နေရာရှိပေမဲ့ မြေနိမ့်ပိုင်းကျတဲ့ ညောင်ရွှေ၊ မိုးနဲ၊ လင်းခေး၊ မောက်မယ် စတဲ့နေရာတွေကတော့ ရာသီဥတု ပူအိုက်ပါတယ်။ ၂၀၂၀ မှာ တိုင်းနဲ့ ပြည်နယ်အနှံ့ မြို့ ၅၀ လောက်မှာ အပူချိန် စံချိန်တင်အောင် ပူပြင်းတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ပြောပါတယ်။ ပဲခူးတိုင်း တောင်ငူမြို့၊ မွန်ပြည်နယ် မော်လမြိုင်၊ မန္တလေးတိုင်း တံတားဦးနဲ့ မိတ္ထီလာ၊ မကွေးတိုင်း ချောက် ၊ ကယားပြည်နယ် ဘော်လခဲစတဲ့မြို့တွေမှာ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် ကနေ ၄၄ ထိတက်သွားတယ်လို့ဆိုပါတယ်။ ဒီဇင်ဘာလတင်မှာပဲ ကယားပြည်နယ်က ကျေးရွာတချို့ရေရှားပါးပြတ်လပ်လို့လည်း နေပါပြီ။ စိမ့်စမ်းနဲ့ ရေထွက်ပေါက်တွေ အားကိုးနေရတဲ့ လူတွေဟာ ရေတပုံးရဖို့ ၂နာရီလောက် အချိန်ပေးရတယ်လို့ ဒီမော့ဆိုမြို့နယ် ဒေါဖုရွာက ဒေါ်လုမြာက ပြောပါတာပါ။ အရင်ကဆိုရင် ရေတပုံးခပ်ရတာ အချိန်မကြာပေမဲ့ ခုဆိုအချိန်ကုန်တာမို့ အိမ်အလုပ်လုပ်ချိန် မရှိတော့ဘူးလို့လည်း ပြောပါတယ်။ ကမ္ဘာမှာ ရေရှားပါးလာတာဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေရဲ့ ကိုယ်ရေးကိုယ်တာကိစ္စ ဖြစ်လာပါတယ်။ မိသားစုအတွက် သောက်ရေ၊ ချက်ပြုတ်ဖို့ရေ၊ သုံးရေချိုးရေ စတာတွေ ရဖို့က အမျိုးသမီးတွေ တာဝန်ဖြစ်ပါတယ်။ ရေတပုံးရဖို့ ကယားပြည်နယ်က ဒေါ်လုမြာလို အလှည့်ကျ ရေခပ်ရမယ့် အချိန်ကို စောင့်ရပါတယ်။ ရေခပ်ဖို့ အိမ်နဲ့ အတော်လှမ်းတဲ့ နေရာကို သွားရင် သွားရပါတယ်။ ဒါကြောင့်လည်း ကမ္ဘာတဝန်းက အမျိုးသမီးတွေ တနေ့ကို စုစုပေါင်း နာရီပေါင်း သန်း ၂၀၀ အချိန်ကုန်ခံပြီး ရေရှာနေရတယ်လို့ လေ့လာချက်တွေမှာ ဖော်ပြတာပါ။ ရေရှားရတဲ့ ပြဿနာ ဇာစ်မြစ်ကို ကြည့်ပြန်ရင် သစ်တောပြုန်းတာလည်း ပါဝင်ပါတယ်။ ကုန်လွန်ခဲ့တဲ့ ၂၀၂၀ မှာ ရာသီဥတု ပြင်းထန်ရတယ် ဆိုတာကလည်း သဘာဝပတ်ဝန်းကျင် သာယာရေးမှာ အခြေခံတခုဖြစ်တဲ့ သစ်တောထိန်းသိမ်းရေး ညံ့ဖျင်းတာကလည်း အကြောင်းတကြောင်း ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ - Unicode ~~~~~~~ နွေမတိုင်ခင် ရေရှားနေပြီ ~~~~~ RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင် နှစ်ပတ်တကြိမ် တင်ဆက်တဲ့ နေစရာဤမြေကမ္ဘာ အပတ်စဉ် အစီအစဉ် ဖြစ်ပါတယ်။ နေစရာဤမြေကမ္ဘာမှာ ၂၀၂၀ ဟာ ကပ်ရောဂါသင့်ရတဲ့နှစ် ဖြစ်ရသလို ကမ္ဘာနဲ့အဝန်း ရာသီဥတု ပြင်းထန်တဲ့ နှစ်လည်း ဖြစ်ပါတယ်။ ပူပြင်းခြောက်သွေ့တဲ့အတွက် သြစတေးလျ၊ အမေရိကားက ကယ်လီဖိုးနီးယားပြည်နယ်၊ ဘရာဇီးလ်နဲ့ ဆိုက်ဘေးရီးယားတွေမှာ တောမီးတွေ မကြုံစဖူး လောင်ကျွမ်းရပါတယ်။ ဇင်ဘာဘွေနဲ့ Madagascar မှာ ကာလရှည်ကြာ မိုးခေါင်တဲ့အတွက် စိုက်ပျိုးရေးကဏ္ဍ ထိခိုက်ပြီး လူသန်းနဲ့ချီ ရိက္ခာအခက်အခဲ ကြုံရပါတယ်။ မနှစ်က မေမှာ Amphan အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း တိုက်ချိန်မှာ မြန်မာ့ကမ်းရိုးတန်းတလျှောက် မိုးသည်းထန်ခဲ့ပါတယ်။ ဒီမုန်တိုင်းက မြန်မာ့အိမ်နီးချင်း အိန္ဒိယနဲ့ ဘငျ်ဂလားဒေ့ရျှနိုငျငံကို ဦးတည် တိုက်ခတ်သွားပါတယ်။ ဒီအတွက် အရှေ့ပိုင်း အနောက်ဘင်္ဂလားပြည်နယ်က အိမ်ခြေ ၂ သန်း ၉ သိန်း ပျက်စီးသွားတယ်လို့ အိန္ဒိယ ကြက်ခြေနီအသင်းက မနှစ်က ဇွန်လမှာ သတင်း ထုတ်ပြန်ပါတယ်။ ဘငျ်ဂလားဒေ့ရျှနိုငျငံမှာ လူ နှစ်သန်းခွဲကျော် မုန်တိုင်းသင့်ပြီး အိမ်ခြေနှစ်သန်းကျော် ပျက်စီးရတယ်လို့ မေ ၃၁ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာတစောင်မှာ ဖော်ပြပါတယ်။ အိန္ဒိယ အရှေ့ပိုင်းနဲ့ ဘငျ်ဂလားဒေ့ရျှမှာ တိုက်သွားတဲ့ မုန်တိုင်းကြောင့် လူ ၁၅ ယောက် ထက် မနည်းသေဆုံးရပါတယ်။ မုန်တိုင်းမလာခင်ကပဲ လူ သုံးသန်းနီးပါးကို ကြိုတင်ပြီး ဘေးလွတ်ရာ ပြောင်းပေးခဲ့ပါတယ်။ ရွှေ့ပေးရတဲ့လူ အများစုက ဘငျ်ဂလားဒေ့ရျှက ဖြစ်ပါတယ်။ Covid-19 ကပ်ရောဂါကြောင့်လည်း ကယ်ဆယ်ရေး အရေးပေါ် အစီအစဉ်တွေ အဟန့်အတား ဖြစ်ရပါတယ်။ လူချင်း ခပ်ခွာခွာ နေရမယ့်အချိန်မှာ လူတွေ အလုံးအရင်း ပြောင်းပေးရချိန်မှာရော၊ လူချင်း ထပ်မနေအောင် နေရာချထားပေးဖို့ပါ အခက်အခဲဖြစ်ရတယ်လို့ ပြောပါတယ်။ ၂၀၂၀ ဟာ လာနီညာ ကျရောက်တဲ့နှစ်ဖြစ်ပြီး သဘောတရားအရ အအေးဓာတ် သက်ရောက်ရမှာ ဖြစ်ပေမဲ့ အပူဆုံးနှစ် စာရင်းဝင်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ရှမ်းပြည်နယ်ဟာ ဥရောပတိုက် ရေမြေအနေအထား ရာသီဥတုမျိုး ဆန်ပေမဲ့ ခုတော့ တောရိပ်တောင်ရိပ် နည်းလာလို့ အပူရှိန် တက်လာပါတယ်။ မနှစ်ကဆို ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်မှာ အပူချိန် ၂ ဒီဂရီက ၃ ဒီဂရီ တိုးလာတယ်လို့ မကွေးမြို့ အစိမ်းရောင်ကွန်ရက် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေး အဖွဲ့ တာဝန်ခံ ကိုအိုလာက ပြောပြပါတယ်။ ရှမ်းပြည်နယ်ဟာ ကုန်းမြေအနိမ့်အမြင့် ပထဝီသဘာဝကိုလိုက်လို့ ရာသီဥတုအေးပြီး ထင်းရှူးပင်ရှိတဲ့ နေရာရှိပေမဲ့ မြေနိမ့်ပိုင်းကျတဲ့ ညောင်ရွှေ၊ မိုးနဲ၊ လင်းခေး၊ မောက်မယ် စတဲ့နေရာတွေကတော့ ရာသီဥတု ပူအိုက်ပါတယ်။ ၂၀၂၀ မှာ တိုင်းနဲ့ ပြည်နယ်အနှံ့ မြို့ ၅၀ လောက်မှာ အပူချိန် စံချိန်တင်အောင် ပူပြင်းတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ပြောပါတယ်။ ပဲခူးတိုင်း တောင်ငူမြို့၊ မွန်ပြည်နယ် မော်လမြိုင်၊ မန္တလေးတိုင်း တံတားဦးနဲ့ မိတ္ထီလာ၊ မကွေးတိုင်း ချောက် ၊ ကယားပြည်နယ် ဘော်လခဲစတဲ့မြို့တွေမှာ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် ကနေ ၄၄ ထိတက်သွားတယ်လို့ဆိုပါတယ်။ ဒီဇင်ဘာလတင်မှာပဲ ကယားပြည်နယ်က ကျေးရွာတချို့ရေရှားပါးပြတ်လပ်လို့လည်း နေပါပြီ။ စိမ့်စမ်းနဲ့ ရေထွက်ပေါက်တွေ အားကိုးနေရတဲ့ လူတွေဟာ ရေတပုံးရဖို့ ၂နာရီလောက် အချိန်ပေးရတယ်လို့ ဒီမော့ဆိုမြို့နယ် ဒေါဖုရွာက ဒေါ်လုမြာက ပြောပါတာပါ။ အရင်ကဆိုရင် ရေတပုံးခပ်ရတာ အချိန်မကြာပေမဲ့ ခုဆိုအချိန်ကုန်တာမို့ အိမ်အလုပ်လုပ်ချိန် မရှိတော့ဘူးလို့လည်း ပြောပါတယ်။ ကမ္ဘာမှာ ရေရှားပါးလာတာဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေရဲ့ ကိုယ်ရေးကိုယ်တာကိစ္စ ဖြစ်လာပါတယ်။ မိသားစုအတွက် သောက်ရေ၊ ချက်ပြုတ်ဖို့ရေ၊ သုံးရေချိုးရေ စတာတွေ ရဖို့က အမျိုးသမီးတွေ တာဝန်ဖြစ်ပါတယ်။ ရေတပုံးရဖို့ ကယားပြည်နယ်က ဒေါ်လုမြာလို အလှည့်ကျ ရေခပ်ရမယ့် အချိန်ကို စောင့်ရပါတယ်။ ရေခပ်ဖို့ အိမ်နဲ့ အတော်လှမ်းတဲ့ နေရာကို သွားရင် သွားရပါတယ်။ ဒါကြောင့်လည်း ကမ္ဘာတဝန်းက အမျိုးသမီးတွေ တနေ့ကို စုစုပေါင်း နာရီပေါင်း သန်း ၂၀၀ အချိန်ကုန်ခံပြီး ရေရှာနေရတယ်လို့ လေ့လာချက်တွေမှာ ဖော်ပြတာပါ။ ရေရှားရတဲ့ ပြဿနာ ဇာစ်မြစ်ကို ကြည့်ပြန်ရင် သစ်တောပြုန်းတာလည်း ပါဝင်ပါတယ်။ ကုန်လွန်ခဲ့တဲ့ ၂၀၂၀ မှာ ရာသီဥတု ပြင်းထန်ရတယ် ဆိုတာကလည်း သဘာဝပတ်ဝန်းကျင် သာယာရေးမှာ အခြေခံတခုဖြစ်တဲ့ သစ်တောထိန်းသိမ်းရေး ညံ့ဖျင်းတာကလည်း အကြောင်းတကြောင်း ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ - Zawgyi Credit: RFA