
အမျိုးသားရေးတက်ကြွလှုပ်ရှားသူများကမန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် ၆၂လမ်းပေါ်ရှိမနော် ရမ္မံလူထုဟစ်တိုင်ကွင်းအတွင်း ယနေ့ ဖေဖော်ဝါရီလ ၅ ရက်ညနေပိုင်းက အမျိုးသားရေးတက် ကြွ လှုပ်ရှားသူများက တမ်မတော်ထောက်ခံပွဲကို ပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားကို အစီအစဉ် ၇ ခု ဖြင့် ကျင်းပခဲ့ရာ ဘုရားကြီးတိုက် ဇေယျာရွှေမြေကျောင်းဆရာ တော် ဘန္တဒ္ဒကုသလ(ပါဠိပါရဂူ)၊မျိုးချစ်မြန်မာရဟန်တော်များသမဂ္ဂမှ အရှင်ဣန္ဒဝီရ(လှည်းကူး)၊မန်း မဟော်သဓာ ကျောင်းတော်ကြီး ဖြစ်မြောက်အောင်မြင်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမြင့်ဦး ၊ အမျိုးသားရေး ရှေ့နေ ဦးမောင်မောင်နိုင်တို့က တပ်မတော်၏ အာဏာသိမ်းမှုနှင့် ရွေးကောက်ပွဲ ရလာဒ် မဲမသမာမှုများအကြောင်းတို့ကို ဟောပြောခဲ့ကြသည်။ ထို့အပြင် အခမ်းအနားတွင် တပ်မတော်အား ထောက်ခံကြောင်း ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြပြီး အခမ်းအနားအား ဇာတိမာန်သီချင်းဖြင့် ပိတ်သိမ်းခဲ့သည်။ နိုင်ထူး Credit: