No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

"ကန်လွှတ်တော်အတွင်း ဝင်ရောက်စီးနင်းသူများကို နာဇီများနှင့် ခိုင်းနှိုင်းခဲ့သည့် မင်းသားကြီးအာနိုး" အမေရိကန် လွှတ် တော်အတွင်း ဝင်ရောက်စီးနင်းခဲ့ သော လူအုပ်ကြီးကို ကယ်လီဖိုး နီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဟောင်း မင်းသားကြီးအာနိုးက နာဇီများနှင့် ခိုင်းနှိုင်းပြီး သမ္မတ ဒေါ်နယ်ထရန့်ကို အဆိုးရွားဆုံး သမ္မတအဖြစ် သမိုင်းဝင်မည့် ကျရှုံးသော ခေါင်းဆောင်တစ်ဦး အဖြစ် ခေါ်ဝေါ်ခဲ့သည်။ ၁၉၃၈ က ဂျာမနီနှင့် ဩစတြီးယားရှိ နာဇီများသည် Kristallnacht (သို့မဟုတ်) မှန်ကွဲ ညဟု လူသိများလာမည့် တိုက် ခိုက်မှုအတွင်း ဂျူးလူမျိုးများ၏ နေအိမ်များ၊ စာသင်ကျောင်းများနှင့် စီးပွားရေးလုပ်ငန်းများကို ဖျက်ဆီးခဲ့သည်။ သတင်းအပြည့်အစုံ https://7day.news/301357 Credit: 7Day