No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မော်လမြိုင်၊ ထိုင်သပိတ်နေရာကို ရဲတပ်ဖွဲ့က ပိတ်ပင်၊ နှစ်ယောက် ဖမ်းဆီးခံထားရ ~~~~~ ■ မော်လမြိုင်မြို့၊ ကမ်းနားလမ်း ထိုင်သပိတ်ပြုလုပ်တဲ့နေရာမှာ ရဲတပ်ဖွဲ့က နေရာယူထားပြီးတော့ ထိုင်သပိတ်ပြုလုပ်ခွင့်ကို ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ပိတ်ပင်ထားပါတယ်။ ထိုင်သပိတ် ပိတ်ပင်ရတဲ့အကြောင်းကတော့ ပုဒ်မ ၁၄၄ အရ လူစုလူဝေး ပြုလုပ်လို့မရတဲ့အကြောင်း အသံချဲ့စက်ဖြင့် ကမ်းနားလမ်း အထိုင်သပိတ်နေရာမှာ ကြော်ငြာခဲ့တာပါ။ ကမ်းနားလမ်းမှာ ဖမ်းခံရတဲ့လူ နှစ်ယောက်ရှိပြီး တစ်ယောက်ကတော့ ဆိုင်ကယ် Taxi သမားဖြစ်ပြီးတော့ ကျန်တစ်ယောက်ကတော့ ဘယ်သူလည်းဆိုတာ အတည်မပြုနိုင်သေးပါဘူး။ Credit: