No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

'ဝန်ထမ်းများအားလုံး CDM တွင် ပူးပေါင်းရေး ရေဆင်းတက္ကသိုလ်ဝင်းအတွင်းဆန္ဒပြ' ရန်ကုန် - ရေဆင်းတက္ကသိုလ်ဝင်းအတွင်းရှိ စိုက်ပျိုးရေးတက္ကသိုလ်၊ သစ်တောတက္ကသိုလ်နှင့် ‌မွေးမြူ‌ရေးဆိုင်ရာဆေးတက္ကသိုလ်များရှိ ဝန်ထမ်းများအားလုံး CDM လှုပ်ရှားမှုတွင် ပါဝင်ပေးကြရန် တောင်းဆိုသည့်စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုကို ယနေ့ ပြုလုပ်ခဲ့သည်။ အဆိုပါ လှုပ်ရှားမှုကို လက်ရှိ CDM လှုပ်ရှားမှုတွင် ပါဝင်နေသည့် ဆရာ ဆရာမများနှင့် ဝန်ထမ်းများ၊ ကျောင်းသူကျောင်းသားဟောင်းများနှင့် လက်ရှိကျောင်းသူ ကျောင်းသားများအပါအ၀င် အင်အား ၃၀၀ ကျော်က ရေဆင်းတက္ကသိုလ်ဝင်းအတွင်း လှည့်လည်ဆန္ဒပြခဲ့ကြသည်။ ဓာတ်ပုံ - YAU Credit: