
“ဗဟိုဘဏ်ရှေ့သုံးရက်မြောက်နေ့ ဆန္ဒပြတောင်းဆိုမြင်ကွင်းများ” ရန်ကုန် - ဝန်ထမ်းများအားလုံး ငြိမ်းချမ်းစွာပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်လာစေရန် ရန်ကုန်မြို့ရှိ ဗဟိုဘဏ်ရှေ့၌ ဆန္ဒပြလူငယ်များက ယနေ့တွင် သုံးရက်မြောက်အဖြစ် ဆန္ဒပြတောင်းဆို နေကြသည်။ လက်ရှိတွင် ဗဟိုဘဏ်ရုံးရှေ့မျက်နှာစာ စက်မှု(၁)လမ်းရှိ ခြောက်လမ်းသွားလမ်းမကို မော်တော်ယာဥ်ဖြတ် သန်းခွင့် တားမြစ်ထားသည်။ ထို့အပြင် ဗဟိုဘဏ်ရှေ့တွင် တပ်မ(၇၇) မှ တပ်သားများနှင့် ရဲတပ်ဖွဲ့တို့လုံခြုံရေး ယူထားသည်ကို တွေ့ရသည်။ ဓာတ်ပုံ - 7Day News Credit: