No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

စစ်အာဏာသိမ်းမှုကိုလက်မခံဘဲ ကိုယ်တိုင်လွှတ်တော်ခေါ်ယူခဲ့တဲ့ NLD ကိုယ်စားလှယ်တွေကို လက်ခုပ်တီးဂုဏ်ပြု ---------------------- စစ်အာဏာသိမ်းယူမှုကို လက်မခံကြောင်းပြသတဲ့အနေနဲ့ နေပြည်တော်စည်ပင်ရိပ်သာဝန်းအတွင်းက NLD လွှတ်တော်ကိုယ်စားလှယ်အမတ်တွေဟာ ဒီကနေ့၊နေ့လည်ပိုင်းကကိုယ်တိုင်လွှတ်တော်ခေါ်ယူပြီး ပြည်သူ့တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်မယ်ဆိုပြီး ကတိသစ္စာပြုလွှာတွေကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီလုပ်ရပ်ကို ပြည်သူလူထုကထောက်ခံကြိုဆိုခဲ့ပြီး ဒီကနေ့ညနေ(၅)နာရီမှာတော့ ကိုယ်စားလှယ်တွေဂုဏ်ပြုကြိုဆိုတဲ့ အထိမ်းအမှတ်အဖြစ် နေအိမ်တွေကနေ (၅)မိနစ်ကြာလက်ခုပ်တီးဂုဏ်ပြုခဲ့ကြပါတယ်။ မြန်မာပြည်သူလူထုဟာ စစ်တပ်ကအာဏာသိမ်းယူပြီးနောက်ပိုင်း အာဏာသိမ်းယူမှုကို ဆန့်ကျင်တဲ့လှုပ်ရှားမှုအဖြစ် ဖေဖေါ်ဝါရီ(၂)ရက်ကစတင်ကာ နေ့စဉ်ည(၈)နာရီတိုင်း တစ်နိုင်ငံလုံးတစ်ပြိုင်နက်တည်းသံပုံးတီးလှုပ်ရှားမှုကိုလည်းပြုလုပ်နေပါတယ်။ ဓာတ်ပုံ- သားကြီး Credit :