
မြစ်ကြီးနားကကိစ္စကို Speak Out လုပ်သူအရမ်းနည်းနေပါတယ်။ မြစ်ကြီးနားကိစ္စဟာ အရမ်းအခြေအနေဆိုးနေပေမယ့် မော်လမြိုင်မှာ အကြမ်းဖက်ဖြိုခွင်းခံရတာလောက်တောင် လူတွေက Speak out မလုပ်ပေးကြဘူး၊ awareness မပေးကြဘူး၊ Attention မပေးကြပါဘူး။ ကျွန်မတို့ ဒီကိစ္စကို တွင်တွင်ကျယ်ကျယ်သတိထားပေး၊ ဝန်းရံပေးဖ်ု့လိုအပ်နေပါပြီ။ တိုင်းရင်းသားတွေဟာ ဟိုးအရင်ထဲက ဒီလိုပဲ ဖိနှိပ်ခံရတာပါ။ အတိတ်မှာလဲ သူတို့တွေ ဆက်တိုက်ဖိနှိပ်ခံခဲ့တုန်းက ကျွန်မတို့ ပြည်မကလူတွေက အကြီးအကျယ်ကို လစ်လျူရှုခဲ့ကြပါတယ်။ ဒါပေမယ့် အခုဖြစ်လာတော့ တိုင်းရင်းသားတွေခမျာ ဘုံရန်သူကိုပဲ မြင်အောင်ကြည့်ပြီး ကျွန်မတို့နဲ့အတူတူ အာဏာရှင်ကို အဖက်ဖက်က တော်လှန်ပေးနေကြပါတယ်။ စဉ်းစားကြည့်ရင် ဗမာတစ်ယောက်အနေနဲ့ တိုင်းရင်းသားတွေကို မျက်နှာ မပြရဲလောက်အောင် အရှက်ရဖို့ကောင်းတဲ့ကိစ္စပါ။ အခုပါထပ်ပြီး သူတို့ကို လစ်လျူရှုမယ်ဆိုရင် ကျွန်မတို့ ကိုယ့်ကိုကို “ငါလူမှ ဟုတ်ရဲ့လား” လို့ ပြန်ပြီး မေးခွန်းထုတ်ဖို့လိုနေပါပြီ။ ကျေးဇူးပြုပြီး တိုင်းရင်းသားတွေကို ကိုယ်ချင်းစာပေးပါ။ ဖေးမကူညီပေးကြပါ။ သူတို့အရေးကိုလဲ အာရုံစိုက်ပေးကြပါ။ ကူညီပေးကြပါ။ ဒီအရေးတော်ပုံရဲ့ ပန်းတိုင်ဟာ ဒေါ်အောင်ဆန်းစုကြည်ပြန်လွတ်လာဖို့ပဲမဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းဖို့ ဖြစ်ပါတယ်။ ဒါကြီးပြီးရင် ဖိနှိပ်ခံတိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တွေ၊ နစ်နာဆုံးရှုံးမှုတွေကို ပြန်ဖြည့်ဆည်းပေးဖို့တာဝန်ရှိတယ်ဆိုတာ မမေ့ကြပါနဲ့။ သူတို့တွေ ဘဝနာခဲ့ပေါင်းများလှပါပြီ။ ကျေးဇူးပြုပြီး ဝန်းရံပေးပါ။ တိုင်းရင်းသားတွေရဲ့ အရေးကိစ္စကို Speak out လုပ်ပေးကြပါ။ Keyboard Team ကလဲ Twitter မှာ များများshare ပေးကြပါနော်။ ကျွန်မတို့သာအခု သူတို့ကို လစ်လျူရှုလိုက်မယ်ဆိုရင် အာဏာရှင်စနစ်ချုပ်ငြိမ်းသွားရင်တောင် တိုင်းပြည်မှာ သွေးကွဲမှုတွေ ဖြစ်လာနိုင်ပါတယ်။ ကျွန်မအပိုပြောနေတာမဟုတ်ဘူးရှင့်။ တကယ်ကြီးကို တိုင်းပြည် အစိတ်စိတ်အမွှာမွှာဖြစ်သွားနိုင်တာပါ။ Credit