
အင်အားအပြည့်နဲ့ လမ်းပေါ်ပြန်ထွက်လာတဲ့ မန္တလေးဆန္ဒပြပြည်သူများ --------------------------------- ဖေဖော်ဝါရီ ၁၅ ရက်က ရဲနဲ့စစ်တပ်ရဲ့အကြမ်းဖက်ဆဲဆိုဖြိုခွင်းခံရပြီးနောက် မနေ့ကတစ်ရက်ခဏနားခဲ့တဲ့ မန္တလေးမြို့က ဆန္ဒပြပြည်သူတွေဟာ ဒီကနေ့မှာတော့ အင်အားအပြည့်နဲ့ပြန်ထွက်လာကြပါပြီ။ ဆန္ဒပြသူတွေဟာစစ်အာဏာရှင်ကို ရေကုန်ရေခမ်းဆန့်ကျင်သွားမှာလို့ ကြွေးကြော်နေကြသလို အထူးသဖြင့် နိုင်ငံတော်သမ္မတနဲ့နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ချက်ချင်းပြန်လွှတ်ပေးဖို့ အင်္ဂလိပ်မြန်မာနှစ်ဘာသာနဲ့တောင်းဆိုနေကြတာကိုတွေ့ရပါတယ်။ ဓာတ်ပုံ- မင်းနန္ဒ(မန္တလေး) Credit: