
တိုက်ပွဲရပ်ရေး ဆန္ဒပြကျောင်းသားတွေ အမှု လူမစုံတာကြောင့် မစစ်နိုင်သေး ~~~~~~ ရခိုင်ဒေသတိုက်ပွဲတွေရပ်ဖို့ မန္တလေးမြို့မှာ ဆန္ဒပြခဲ့တာကြောင့် ဖမ်းဆီးခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) အဖွဲ့ဝင် ကျောင်းသားတွေကို အောင်မြေသာစံမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးချိန်းခေါ်ရာမှာ လူမစုံတာကြောင့် အမှုကိုမစစ်နိုင်ဘဲ နောက်တစ်ကြိမ် ရုံးချိန်း ပြန်လည်ချိန်းလိုက်ပါတယ်။ နောက်တပတ်ရုံးချိန်းကို ဇန်နဝါရီ ၂၆ ရက်နေ့ကို ချိန်းထားပြီး လူစုံရင်တော့ စတင်စစ်ဆေးနိုင်မယ်လို့ အောင်မြေသာစံမြို့နယ် တရားရုံးပြန်ကြားရေးအရာရှိ ဦးလှမျိုးဝင်းက ပြောပါတယ်။ မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်ကို အခုလ ၅ ရက်နေ့ကစပြီး အသွားအလာ ကန့်သတ်ထားတာကြောင့် ထောင်ထဲမှာ ဖမ်းဆီးထားရတဲ့ ဗကသအဖွဲ့ဝင်တွေကို ရုံးမထုတ်နိုင်တဲ့အတွက် ဒီနေ့ မစစ်ဆေးခဲ့တာလို့ အောင်မြေသာစံမြို့နယ် တရားရုံးက ပြောပါတယ်။ အခုလ ၅ ရက်နေ့က ဖမ်းဆီးခံလိုက်ရတဲ့ ဗကသအဖွဲ့က ဗဟိုအလုပ်အမှုဆောင် ကိုဘုန်းမြင့်ကျော်ကိုတော့ အကျဉ်းထောင်ကို မပို့ရသေးတာကြောင့် ရဲစခန်းအချုပ်မှာ ထိန်းသိမ်းထားပြီး သူ့ကိုတော့ ဒီနေ့ ရုံးထုတ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝဒေမှာ 4G အင်တာနက် အမြန်ဆုံးဖွင့်ပေးရေး၊ မတရားဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသားတွေ ခြွင်းချက်မရှိ ပြန်လွတ်ပေးရေး၊ ပြည်တွင်းစစ် ချက်ခြင်းရပ်၊ ဖက်စစ် စစ်တပ်ကျဆုံးပါစေ စတဲ့စာသားတွေကို ကျုံးအရှေ့ဘက်ခြမ်းမှာ ကပ်ခဲ့တာကြောင့် ကိုဘုန်းမြင့်ကျော်၊ ကိုကျော်သီဟရဲကျော်နဲ့ ကိုစိုးလှနိုင်တို့ ၃ ဦး နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)၊ ၅၀၅ (ခ)တို့နဲ့ တရားစွဲခံထားရတာပါ။ သူတို့သုံးယောက်ကို အောင်မြေသာစံမြို့နယ်က ရဲမှူးကျော်ဇင်မြင့်က တရားလိုပြုလုပ်တရားစွဲဆို ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲတွေရပ်ဖို့ တောင်းဆိုခဲ့တဲ့ ဗကသကျောင်းသား ၁၆ ယောက် ဖမ်းဆီးခံထားရပြီး ၃၀ ကျော် ဖမ်းဝရမ်း ထုတ်ခံထားရတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ်က သိရပါတယ်။ မန္တလေးမြို့က ကျောင်းသားတွေဟာ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလက စတင်လှုပ်ရှားခဲ့တာဖြစ်ပြီး အဲ့ဒီလှုပ်ရှားမှုတွေကြောင့် အမရပူရမြို့နယ် တရားရုံး၊ ချမ်းအေးသာစံမြို့နယ် တရားရုံး၊ မဟာအောင်မြေမြို့နယ် တရားရုံးနဲ့ အောင်မြေသာစံမြို့နယ် တရားရုံးတွေက ထောင်ဒဏ်တွေ ချမှတ်ခံထားရပြီး ဆက်လက် တရားရင်ဆိုင်နေရတဲ့ အမှုတွေလည်း ရှိနေတာဖြစ်ပါတယ်။ - Unicode ~~~~~~~~~~~~~~~ တိုက်ပွဲရပ်ရေး ဆန္ဒပြကျောင်းသားတွေ အမှု လူမစုံတာကြောင့် မစစ်နိုင်သေး ~~~~~~ ရခိုင်ဒေသတိုက်ပွဲတွေရပ်ဖို့ မန္တလေးမြို့မှာ ဆန္ဒပြခဲ့တာကြောင့် ဖမ်းဆီးခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) အဖွဲ့ဝင် ကျောင်းသားတွေကို အောင်မြေသာစံမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးချိန်းခေါ်ရာမှာ လူမစုံတာကြောင့် အမှုကိုမစစ်နိုင်ဘဲ နောက်တစ်ကြိမ် ရုံးချိန်း ပြန်လည်ချိန်းလိုက်ပါတယ်။ နောက်တပတ်ရုံးချိန်းကို ဇန်နဝါရီ ၂၆ ရက်နေ့ကို ချိန်းထားပြီး လူစုံရင်တော့ စတင်စစ်ဆေးနိုင်မယ်လို့ အောင်မြေသာစံမြို့နယ် တရားရုံးပြန်ကြားရေးအရာရှိ ဦးလှမျိုးဝင်းက ပြောပါတယ်။ မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်ကို အခုလ ၅ ရက်နေ့ကစပြီး အသွားအလာ ကန့်သတ်ထားတာကြောင့် ထောင်ထဲမှာ ဖမ်းဆီးထားရတဲ့ ဗကသအဖွဲ့ဝင်တွေကို ရုံးမထုတ်နိုင်တဲ့အတွက် ဒီနေ့ မစစ်ဆေးခဲ့တာလို့ အောင်မြေသာစံမြို့နယ် တရားရုံးက ပြောပါတယ်။ အခုလ ၅ ရက်နေ့က ဖမ်းဆီးခံလိုက်ရတဲ့ ဗကသအဖွဲ့က ဗဟိုအလုပ်အမှုဆောင် ကိုဘုန်းမြင့်ကျော်ကိုတော့ အကျဉ်းထောင်ကို မပို့ရသေးတာကြောင့် ရဲစခန်းအချုပ်မှာ ထိန်းသိမ်းထားပြီး သူ့ကိုတော့ ဒီနေ့ ရုံးထုတ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝဒေမှာ 4G အင်တာနက် အမြန်ဆုံးဖွင့်ပေးရေး၊ မတရားဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသားတွေ ခြွင်းချက်မရှိ ပြန်လွတ်ပေးရေး၊ ပြည်တွင်းစစ် ချက်ခြင်းရပ်၊ ဖက်စစ် စစ်တပ်ကျဆုံးပါစေ စတဲ့စာသားတွေကို ကျုံးအရှေ့ဘက်ခြမ်းမှာ ကပ်ခဲ့တာကြောင့် ကိုဘုန်းမြင့်ကျော်၊ ကိုကျော်သီဟရဲကျော်နဲ့ ကိုစိုးလှနိုင်တို့ ၃ ဦး နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)၊ ၅၀၅ (ခ)တို့နဲ့ တရားစွဲခံထားရတာပါ။ သူတို့သုံးယောက်ကို အောင်မြေသာစံမြို့နယ်က ရဲမှူးကျော်ဇင်မြင့်က တရားလိုပြုလုပ်တရားစွဲဆို ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲတွေရပ်ဖို့ တောင်းဆိုခဲ့တဲ့ ဗကသကျောင်းသား ၁၆ ယောက် ဖမ်းဆီးခံထားရပြီး ၃၀ ကျော် ဖမ်းဝရမ်း ထုတ်ခံထားရတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ်က သိရပါတယ်။ မန္တလေးမြို့က ကျောင်းသားတွေဟာ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလက စတင်လှုပ်ရှားခဲ့တာဖြစ်ပြီး အဲ့ဒီလှုပ်ရှားမှုတွေကြောင့် အမရပူရမြို့နယ် တရားရုံး၊ ချမ်းအေးသာစံမြို့နယ် တရားရုံး၊ မဟာအောင်မြေမြို့နယ် တရားရုံးနဲ့ အောင်မြေသာစံမြို့နယ် တရားရုံးတွေက ထောင်ဒဏ်တွေ ချမှတ်ခံထားရပြီး ဆက်လက် တရားရင်ဆိုင်နေရတဲ့ အမှုတွေလည်း ရှိနေတာဖြစ်ပါတယ်။ - Zawgyi ~~~~~~~~~~~~~~~ Photo: Khaymani Win/RFA (တပ်မတော် အလင်းဝင်ပါ ဆိုတဲ့ စတစ်ကာတွေကပ်ခဲ့တဲ့ ဗကသကျောင်းသား ကိုကျော်သီဟရဲကျော်နဲ့ ကိုစိုးလှနိုင် တို့ကို အမရပူရတရားရုံးမှာ ၂၀၂၀ အောက်တိုဘာ ၁၂ ရက်နေ့က ရုံးထုတ်ခဲ့စဉ်) Credit: