No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ယနေ့ ရွှေတိဂုံဘုရားမြင်ကွင်း ရန်ကုန်-၂၀၂၁ ဖေဖော်ဝါရီ ၁၇ (မော်ကွန်း) ရွှေတိဂုံဘုရားပြန်လည်ဖွင့်လှစ်ပြီးနောက် တစ်နေ့လျှင် ဘုရားဖူး သုံးထောင်ဝန်းကျင် လာရောက်သည်ဟု ဂေါပက အဖွဲ့ဝင်တစ်ဦးက ပြောသည်။ ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ ဧပရယ် ကတည်းက ဘုရားဖူးခွင့် ပိတ်ထားရာ ယခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့မှ ပြန်လည်ဖွင့်ပေးခဲ့ခြင်းဖြစ်သည်။ ယင်းမတိုင်ခင်က တစ်နေ့လျှင် ဘုရားဖူး ၃၀,၀၀၀ မှ ၉၀,၀၀၀ ဝန်းကျင် လာရောက်လေ့ရှိသည်ဟု ၎င်းက ဆိုသည်။ Credit: