"လူတစ်စုက ကားမှန်များရိုက်ခွဲသည့်ကိစ္စ ရွှေကျင်တိုက်ကြီးသံဃာတော်အချို့နှင့် တွေ့ဆုံညှိနှိုင်းနေ" - ပြည်သူအများအပြားကျောင်းတိုက်ရှေ့စုဝေး ရန်ကုန် - ရန်ကုန်မြို့ ဗဟန်း(၃)လမ်းအနီး ကားမှန်များရိုက်ခွဲခံရသည့်ကိစ္စကို ကားပိုင်ရှင်များနှင့် ရွှေကျင်တိုက်ကြီးကျောင်းတ်ိုက်မှ သံဃာတော်အချို့ တွေ့ဆုံညှိနှိုင်းလျက်ရှိသည်။ နစ်နာခဲ့သည့်ကားပိုင်ရှင်များ ၎င်းတို့၏မိတ်ဆွေများနှင့် ပြည်သူများက ကျောင်းတိုက်ရှေ့မှနေ၍ တောင်းဆိုခဲ့ရာတွင် ကျောင်းတိုက်သံဃာတော် များက လက်ခံတွေ့ဆုံသည်။ ကားမှန်ရိုက်ခွဲသည့်ဖြစ်စဉ်မှ သံဃာအချို့နှင့် လူတစ်စုမှာ ဗဟန်းမြို့နယ်ရွှေကျင်တိုက်ကြီး ကျောင်းတိုက်အတွင်း ဝင်ရောက်ပုန်းခိုနေသည်ဟု အခင်းဖြစ်နေရာအနီး ပြည်သူများက ပြောဆိုကြသဖြင့် ယင်းကျောင်းတိုက်ရှိသံဃာတော်များနှင့် တွေ့ဆုံညှိနှိုင်းနေခြင်း ဖြစ်သည်။ နစ်နာသူများအပါအဝင် ပြည်သူများနှင့် ရွှေကျင်တိုက်ကြီးကျောင်းတိုက်သံဃာတော်များ ညှိနှိုင်းမှုကို ယနေ့နေ့လယ် ၁၂ နာရီကျော်ကစတင် ညှိနှိုင်းလျက်ရှိရာ တွေ့ဆုံညှိနှိုင်းမှုအသေးစိပ်အခြေအနေများ မသိရသေးပေ။ ဓာတ္ပုံ - 7Day News Credit:
