
မကွေးမှာဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့နေ ~~~~~ ■ မကွေးမြို့ ပြည်တော်သာလမ်းနဲ့ အဝေယျာလမ်းထောင့်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၉ ရက် မနက်ပိုင်းက အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်တဲ့ ဒေသခံဆန္ဒပြသူတွေနဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တို့ အခြေအနေ တင်းမာနေကြပါတယ်။ မကွေးမြို့မှာ ဒီကနေ့ ဆန္ဒပြသူအင်အား တစ်သိန်းနီးပါးလောက်ရှိပြီး တားဆီးထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကတော့ လက်နက် အကာအရံအပြည့်အစုံနဲ့ အင်အား ၅၀ လောက်ရှိနေပါတယ်။ ဆန္ဒပြသူတွေနဲ့ တာဝန်ရှိ ရဲမှူး ညှိနှိုင်းမှုတွေ လုပ်နေပါတယ်။ Credit: