
ခေတ္တ၀ရမ်းပြေးဖြစ်နေတဲ့အချိန် သားတွေကို လွမ်းတဲ့့ အကြောင်းရေးသားလိုက်တဲ့ ဒါရိုက်တာကိုပေါက် --------------------------------- အနုပညာရှင်တွေကို တပ်မတော်က ပုဒ်မ ၅၀၅-က နဲ့အမှုဖွင့်ထားတဲ့ထဲမှာ ဒါရိုက်တာ ကိုပေါက်လည်း ပါ၀င်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ကိုပေါက်က ခေတ္တ၀ရမ်းပြေးအနေနဲ့ သားတွေကိုလွမ်းနေတဲ့ အကြောင်း ဖေဖော်ဝါရီလ ၂၀ ရက်က သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားလာခဲ့တာပါ။ “သားရေ ဖေဖေလွမ်းလို့။ ဒီအချိန်ဆို သားတွေကိုအိပ်ယာကနှိုး မျက်နှာသစ်သွားတိုက် သနပ်ခါးလူးပေးပြီး မနက်စာ ပက်ဒီရှုးဝါး နှစ်ခွက်ဖျော်ပေးနေကြ။ ဒီအချိန်ဆို သားငယ်လေးရဲ့ ILBC Online Class သင်တဲ့အချိန် သူ့ဘေးမှာထိုင်ပြီး သားငယ်နဲ့အတူတူ သူငယ်တန်းစာတွေ ကျွန်တော်ပြန်သင်နေကြ။ You Tube အရမ်းကြည့်တဲ့ ကိုကြီးသော်ကို အော်ရ၊ ဟစ်ရနဲ့ သားအဖနှစ်ယောက် ရေအတူတ ချိုးနေကြ။ သားငယ်လေးက သူဆော့နေတဲ့ Lego အရုပ်ကလေးတွေ ပူးနေလို့ ဒါလေးခွားပေးပါလား ပါပါး လို့လာပြောနေကြ။ သားသားတို့ကြိုက်တဲ့ ပေါင်မုန့်ကြက်ဥကြော် စားတဲ့အချိန်စားပွဲမှာ အေအေးဆေးဆေး ထိုင်မစားပဲ ဆော့ရင်း ကစားရင်း စားနေလို့ ငြိမ်ငြိမ်စားဖို့ ကျွန်တော် အသံကြီးနဲ့ အော်ဟစ်နေကြ။ လမ်းမပေါ် သားသားတို့ စက်ဘီးထွက်စီးရင် ကျွန်တော်ဘေးကနေ ပြေးလိုက် ပေးနေကြ။ ဒီအချိန်ဆို ကုတင်ပေါ်မှာ သားနှစ်ယောက်နဲ့အတူ စမတ်ဒေါင်းချနေကြ။ သားငယ်လေးရဲ့ ဗိုက်ကိုလှန်ပြီး မုတ်ဆိပ်နဲ့ပွတ်ရင် သူအရမ်းအူတတ်လို့ တော်ပါတော့ ပါပါးရယ် အရှုံးပေးပါတယ် ပြောနေကြ။ ညအိပ်ခါနီးတိုင်း ဒီနေ့ပါပါးနဲ့ဘယ်သူအိပ်မှာလဲ လို့မေးရင် ညီအစ်ကိုနှစ်ယောက် ဗိုလ်၊ ကျား၊ သေနတ်စွဲနေကြ။ သားနှစ်ယောက်ကို ကျွန်တော် လွမ်းနေကြ။ သားရေ ဖေဖေလွမ်းတယ်။ ကိုပေါက်(ခေတ္တ ၀ရမ်းပြေး)” လို့ လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားထားတာပါ။ သိမ့် Credit: