No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ပုသိမ်မြို့ ထိုင်သပိတ်ကို ရဲတပ်ဖွဲ့ ဖြိုခွင်းမယ်ပြော၊ ဆန္ဒပြသူတွေ လူစုခွဲခဲ့ ~~~~~ ■ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အမှတ် ၂၄ အခြေခံပညာမူလတန်းကျောင်းရှေ့ မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေက ထိုင်သပိတ်ပြုလုပ်ပြီး ဟောပြောတာတွေ၊ ကဗျာရွတ်ဆိုတာတွေနဲ့ ဖမ်းဆီးခံရသူတွေ လွှတ်ပေးဖို့ တောင်းဆိုတာတွေ ပြုလုပ်ခဲ့ပါတယ်။ ထိုင်သပိတ်ပြုလုပ်တဲ့နေရာကို ရဲတပ်ဖွဲ့ က လူစုမခွဲရင် ဖြိုခွင်းမယ်လို့ အသိပေးကြေငြာတာတွေ ပြုလုပ်ပြီး ရေကားတွေနဲ့ ပြင်ဆင်တာတွေ ရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ စစ်သားတွေလည်း ပါဝင်လာတာကို တွေ့ရပါတယ်။ ထိုင်သပိတ်ကို ဖြိုခွင်းမယ့် အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပေမယ့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေက လူစုခွဲလိုက်တာကြောင့် နှစ်ဘက်ထိပ်တိုက်တွေ့ဆုံဖြိုခွင်းတာတွေ မဖြစ်ဘဲ ပြီးစီးခဲ့ပါတယ်။ Credit: