
အကြမ်းဖက်ဖြိုခွင်းခံရပြီး သေဆုံးမှုတွေဖြစ်ခဲ့တဲ့ မန္တလေးမှာ ဆန္ဒပြမှုတွေအရှိန်မြှင့်လိုက်ပြီ ------------------- လုံခြုံရေးတပ်ဖွဲ့ရဲ့အကြမ်းခတ်ပစ်ခတ်မှုကြောင့် ဆန္ဒပြအရပ်သားနှစ်ဦးသေဆုံးခဲ့ပြီးတဲ့နောက်မှာတော့ မန္တလေးမြို့က စစ်ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှုတွေကို လူထုက တော်လှန်ရေးအသွင်နဲ့ အရှိန်အဟုန်မြှင့်လိုက်ပြီဖြစ်ပါတယ်။ ဒီကနေ့မနက်ပိုင်းက မန္တလေးအဆင့်မြင့်စျေးချိုတော်ရှေ့ အထိုင်သပိတ်တွေနဲ့စတင်လိုက်တာဖြစ်ပြီး အင်အားသိန်းနဲ့ချီတဲ့သပိတ်မှောက်စစ်ကြောင်းတွေဟာ ဒီလှုပ်ရှားမှုကို သပြေညိုတော်လှန်ရေးလို့အမည်ပေးပြီး လမ်းလျှောက်ချီတက်ဆန္ဒပြနေကြပြီဖြစ်ပါတယ်။ သတင်း၊ဓာတ်ပုံ - မင်းနန္ဒ (မန္တလေး) Credit: