No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

သည်ကနေ့ ဖေဖော်ဝါရီလ ၂၄ရက်နေ့၊ မြေနီကုန်း အနီးမှာ ဆန္ဒ ဖော်ထုတ်နေတဲ့ ပြည်သူတွေကို စတုဒီသာကျွေးမွေးနေကြသူတွေ အများအပြားရှိနေပါတယ်။ ထိုင်ပြီးစားဖို့ စီစဥ်ထားတာ၊အချို့ကတစ်ခါသုံး ပန်းကန်တွေ ဖော့ဘူးတွေနဲ့ ကျွေးမွေးနေကြတာဖြစ်ပါတယ်။ ထမင်းနဲ့ကြက်သားဟင်း ၊ သရက်ချဥ်သုပ်၊ပဲဟင်း၊ ဘဲဥသီစုံဟင်း၊ ငါဖယ်ဟင်း၊ ထမင်းသုပ်၊ ကြက်ဥကြော်၊ လက်ဖက်ထမင်း၊ ဆီချက်ခေါက်ဆွဲ၊ ရှမ်းခေါက်ဆွဲစတာတွေကို နေ့လည်စာအတွက်ကျွေးမွေးနေကြတာဖြစ်ပါတယ်။ ရေသန့် ၊မုန့်၊ အချို ရည်မျိုးစုံ ရေခဲချောင်းနဲ့ အသီးမျိုးစုံကိုလဲ ကျွေးမွေးသူတွေ အများအပြားရှိနေပါတယ်။ အေးအေးအောင် Crd: