
မုံရွာအခြေစိုက် အမျိုးသမီးသတင်းထောက် ၂ ဦး ကျပ်သိန်း ၅၀ စီ အာမခံဖြင့်ပြန်လွှတ် ========================= မုံရွာမြို့ အခြေစိုက်အမျိုးသမီးသတင်းထောက်(၂)ဦးကိုဖေဖော်ဝါရီလ (၂၅)ရက်နံနက်ပိုင်းက တစ်ဦးလျှင် ငွေကျပ် သိန်း ၅၀ စီ အာမခံ ဖြင့် ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်အာမခံရရေး ဆောင်ရွက်ပေးသူ သတင်းထောက်ကိုတိုးကြီးထံက သိရသည်။ "မုံရွာအခြေစိုက် MCN TV NEWS သတင်းဌာနက သတင်းထောက် မတင်မာဆွေနဲ့ The Voice သတင်းဌာနက သတင်းထောက် မခင်မေစန်းတို့ကို ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ပြီး တယောက်ကို သိန်း ၅၀ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်တာပါ"ဟု ကိုတိုးကြီးကပြောသည်။ သတင်းထောက်၂ဦးကို ဖေဖော်ဝါရီလ၂၄ရက်နေ့လည်ပိုင်းကထိန်းသိမ်းထားခြင်းဖြစ်ပြီးဖေဖော်ဝါရီလ၂၂ ရက်ညက မုံရွာမြို့ နတ်လူထိပ်ပန်ရပ်ကွက် လုံခြုံရေး အဖွဲ့မှဖမ်းထားသည့် မသင်္ကာသူ အမျိုးသား တစ်ဦးကို စစ်ဆေးမေးမြန်းနေသည့် ရုပ်သံသတင်းနှင့်ပတ်သက်၍ ၂ ဖက်အသံပါရန်သတင်းရင်မြစ်များချိတ်ဆက်ရင်း ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းသိရသည်။ သတင်းထောက်(၂) ဦး အာမခံရရန်အတွက် မုံရွာအခြေစိုက် VOM သတင်းထောက် ဦးတိုးတိုးဝင်းနှင့် ကုန်သည်ပွဲစားအသင်းဝင်ဦးကြည်လှိုင်တို့က တဦးကျပ်သိန်း ၅၀ ဖြင့် အာမခံပေးခဲ့ခြင်းဖြစ်ကြောင်းသိရ သည်။ မျိုးမောင်မောင်-မုံရှာ Crd: