
ကိုညီညီအောင်ထက်နိုင်ရဲ့နာရေး မနက်ဖြန်ပြုလုပ်မယ် မတ် − ၁ ၊၂၀၂၁ ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် မနေ့က လှည်တန်းလမ်း မပေါ်မှာ ကျည်ဆံထိမှန်ပြီး ကျဆုံးခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် ကိုညီညီအောင်ထက်နိုင် ရဲ့ နာရေးအတွက်ပြင်ဆင်ထားတာဖြစ်ပါတယ်။ မနေ့က လှည်းတန်းက ဆန္ဒပြပွဲမှာ ကမာရွတ်မြို့နယ် အ.ထ.က(၅) ကျောင်းရှေ့မှာပဲ ကိုညီညီအောင်ထက်နိုင်ဟာ ကျည်ဆံထိမှန်ခဲ့တာပါ။ ကိုညီညီအောင်ထက်နိုင် ဟာ ရွှေပြည်သာမှာနေထိုင်သူဖြစ်ပြီး Network Engineer တစ်ဦးဖြစ်ပါတယ်။ နာရေးကိုတော့မနက်ဖြန်မှာ ပြုလုပ်မယ်လို့သိရပါတယ်။ Credit: