05
Mar

ရွှေပြည်သာက ဆန္ဒပြပွဲ ရွှေပြည်သာမြို့နယ်ထဲက အင်အားထောင်ချီပါတဲ့လူထုဟာ ထန်းခြောက်ပင် လမ်းဆုံတဝိုက် ဒီနေ့ မနက်ပိုင်းကစပြီး စုဝေးဆန္ဒပြနေကြပါတယ်။ လက်ရှိမှာ စစ်ကား (၄) စီးဟာ ရွှေပြည်သာ အမှတ် (၁) အထက်တန်းကျောင်းဝင်းထဲမှာ ယာယီအခြေချနေတာမျိုးရှိပေမဲ့ ဆန္ဒပြတဲ့နေရာကို လာရောက်ဖြိုခွင်းမယ့် အခြေအနေတော့ မတွေ့ရသေးဘူးလို့ ဆန္ဒပြသူတွေက နေ့လည် ၁ နာရီကျော်ဝန်းကျင်က ပြောပါတယ်။ photo - David/ ShweYaungMyay Credit: