No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မုံရွာလူထုပင်မသပိတ်အဖွဲ့(၂)ကြိမ်ခွဲကာချီတက်ခဲ့ရသော်လည်းအထိအခိုက်မရှိဆန္ဒဖော်ထုတ်နိုင် ================== ယနေ့ မတ်လ(၈)ရက်နံနက်က(၂)ကြိမ်ခွဲကာချီတက်ခဲ့သော မုံရွာလူထုပင်မသပိတ်အဖွဲ့သည် အတားအဆီးပိတ်ပင်မှုများကြားမှ အထိအခိုက်မရှိ ဆန္ဒဖော်ထုတ်နိုင်ခဲ့ကြောင်းသိရသည်။ ပင်မသပိတ်စစ်ကြောင်းသည်မုံရွာမြို့၊ နန္ဒဝင်ရပ်ကွက်တွင် စတင်ချီတက်ခဲ့ကြပြီး ရဲကားနှင့် စစ်ကားများစွာလိုက်လာသောကြောင့် ပထမအကြိမ် လူစုခွဲပြီး မုံရွာမြို့၊သလ္လာရပ်တွင် ပင်မသပိတ်စစ်ကြောင်းကို ဒုတိယအကြိမ် ပြန်လည်ချီတက်ခဲ့ကြသည်။ မျိုးမောင်မောင် မုံရွာ ဓါတ်ပုံ - ပြည်သူ့မီဒီယာ ကွန်ရက်-မုံရွာ Credit: