No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

အတားအဆီးများပြန်လည်ပြုလုပ်ပြီး သင်္ဃန်းကျွန်းသပိတ်ပြန်စနေ ရန်ကုန် ၂၀၂၁၊ မတ် ၁၀ (မော်ကွန်း) သင်္ဃန်းကျွန်း လေးထောင့်ကန်လမ်းသပိတ်ခံတပ်များကို ရဲနှင့်စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့သော်လည်း ထဘီတန်းများ၊ သဲအိတ်များဖြင့် အတားအဆီးများပြန်လည်ပြုလုပ်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကိုနေ့လည်ပိုင်းတွင်ပြန်စတင်လိုက်သည်။ ယနေ့မနက်ပိုင်းကရဲနှင့်စစ်တပ်များရောက်လာကာ သပိတ်အနီးရှိ ခံတပ်အဖြစ်ပြုလုပ်ထားသော ဝါးကပ်များနှင့် ကားတားယာအဟောင်းများကိုမီးရှို့ဖျက်ဆီးခဲ့သည်။ ယမန်နေ့ညကလည်း ထဘီတန်းများကိုမီးရှို့မှုများပြုလုပ်ခဲ့သေးသည်ဟုရပ်ကွက်နေပြည်သူများကဆိုကြသည်။ Credit: