No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

တရုတ်ဘက်၌ အကျအဆုံးများရှိခဲ့သောလည်း နောက်ထပ်တင်းမာမှု မဖြစ်စေလိုသောကြောင့် ကျဆုံးသူစာရင်းကို ထုတ်ပြန်မည်မဟုတ်ကြောင်း တရုတ်စစ်တပ်က ယင်းအချိန်တွင် ပြောဆိုခဲ့သည်။ နှစ်ဖက်စစ်တပ်များ အကြိမ်ကြိမ်ဆွေးနွေးပြီး အငြင်းပွားနယ်စပ်ရှိ ကင်းစခန်းများ ဆုတ်ခွာရန် ဆုံးဖြတ်ခဲ့ပြီးနောက် တရုတ်ဘက်က ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ကျဆုံးခဲ့သည့် စစ်သည်လေးဦးကို အာဇာနည်များအဖြစ် သတ်မှတ်ပြီး ဘွဲ့ထူးဂုဏ်ထူးများချီးမြှင့်ခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေး တပ်မတော်နေ့စဉ်သတင်းစာက ဖေဖော်ဝါရီ ၁၉ ရက်တွင် ဖော်ပြခဲ့သည်။ တရုတ်စစ်သည် ၄၅ ဦးခန့် ကျဆုံးခဲ့ကြောင်း အိန္ဒိယမီဒီယာများက ဖော်ပြခဲ့သည်။ တရုတ်စစ်သည် ၆၀ ကျော်ကို ထမ်းစင်များဖြင့် ခေါ်ဆောင်သွားခဲ့ပြီး ၎င်းတို့အနက် မည်မျှသည် သေလောက်သည်အထိ ဒဏ်ရာရရှိသည်ကိုမသိရကြောင်း အိန္ဒိယစစ်တပ်၏ မြောက်ပိုင်းတိုင်းတပ်မှူး ဝိုင်ကေ ဂျိုရှီက ပြောဆိုခဲ့သည်။ Credit: