No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မြစ်ကြီးနားက မေတ္တာပို့ဆုတောင်းပွဲ တပ်နဲ့ ရဲ ပိတ်ထား ~~~~~ ■ မြစ်ကြီးနားမြို့ နွေးဦးတော်လှန်ရေးမှာ ကျဆုံးသွားသူနှစ်ဦး သေဆုံးခဲ့တဲ့ နေရာ အောင်နန်းရပ်ကွက်မှာ ဘာသာပေါင်းစုံငြိမ်းချမ်းစွာ မေတ္တာပို့ဆုတောင်းတဲ့ အစီအစဉ်ကို မလုပ်နိုင်အောင် စစ်သားတွေနဲ့ ရဲတွေက ပိတ်ထားလိုက်ပါတယ်။ ဆုတောင်းတဲ့ အစီအစဉ်ကို ညနေ ၄ နာရီမှာ ပြုလုပ်ဖို့ ပြင်ဆင်ထားပေမယ့် ၃ နာရီလောက်ကနေ စစ်သားနဲ့ ရဲတွေက နေရာယူပိတ်ထားတဲ့အတွက် အစီအစဉ်ပျက်သွားခဲ့ပါတယ်။ ကျဆုံးသွားသူ နှစ်ဦးကတော့ မောင်ဇင်မင်းထက် (ခ) ဖိုးလုံး (၂၄) နှစ်နဲ့ ဦးကိုကိုလေး (ခ) ဦးချိုသာ အသက် (၆၂) တွေပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးက မတ်လ ၈ ရက်နေ့က ပြုလုပ်တဲ့စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြပွဲမှာ ဦးခေါင်းမှာ သေနတ်ထိမှန် သေဆုံးသွားခဲ့တာပါ။ Credit: