ဦးဖြိုးမင်းသိန်းက နိုင်ငံတော်အတိုင်ပင်ခံအား ဒေါ်လာခြောက်သိန်းနှင့်ငွေများ ပေးခဲ့သည်ဟုထွက်ဆိုသဖြင့်စုံစမ်းမှုများပြုလုပ်နေဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြော။ ယနေ့ မတ်လ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်သော စစ်ကောင်စီ၏ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲတွင်နိုင်ငံတော် အတိုင်ပင်ခံ ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆွဲဆိုထားသည့်အမှုများအပြင်၊ ဦးဖြိုးမင်းသိန်းက ငွေသား ကန်ဒေါ်လာ ခြောက်သိန်းနှင့်ရွေ ၇ပိသာ ပေးအပ်ခဲ့တယ်လို့ ထွက်ဆိုခဲ့ လို့ စုံစမ်းမှုများပြုလုပ်နေတယ်လို့သိရပါတယ်။ ထို့အပြင် ဆန္ဒပြ ပြည်သူများနှင့်ပတ်သတ်ပြီး စစ်တပ်မှာ ဖြိုခွင်းမှုမရှိပဲစောင့်ကြည့်နေခဲ့သော်လည်း လူထုက လက်နက်များဖြင့် တိုက်ခိုက်လာသဖြင့် ဖြိုခွင်းရခြင်း ဖြစ်ကြောင်းများပြောကြားသွားခဲ့သည်။ Credit:
