No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ပေါင်းတည်မြို့တွင် ဆန္ဒပြပြည်သူများကို လိုက်လံဖမ်းဆီးနေ DVB ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုမှာ တက်ကြွစွာပါဝင်တဲ့ လူငယ်တွေရှိတဲ့ လမ်းတွေကို အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေက ရှေ့နောက်ပိတ်ပြီး အိမ်တွေထဲထိ ဝင်ရောက်စီးနင်း ရှာဖွေ ဖမ်းဆီးနေပါတယ်။ ကားတွေကို လမ်းတနေရာမှာရပ်ထားပြီး လူတွေက ပျောက်ကျားစနစ်နဲ့ လမ်းကြားတွေ လမ်းသွယ်တွေထဲ ဝင်ရောက်ဖမ်းဆီးတာရှိသလို လမ်းမတွေမှာလည်း နေ့တိုင်းလိုလို ဆိုင်ကယ်တွေကိုတားဆီးပြီး လေးခွနဲ့လက်နက်တွေ ပါမပါစစ်တာတွေ ဖုန်းတွေကိုလည်း ရှာဖွေတာတွေလည်း ဆက်တိုက် ပြုလုပ်နေပါတယ် မြိုခံတဦးက “ဒီမှာက တပ်မ ၆၆ က စစ်သားတွေက ဘုန်းကြီးကျောင်းတွေမှာ စခန်းချ လာရောက်နေထိုင်နေကြပါပြီ။ တက်ကြွ လူငယ်တွေအနေနဲ့လည်း ကိုယ့်အိမ်တွေမှာတောင် လုံခြုံစိတ်ချစွာ မနေရဲ၊ ညဘက်ကိုယ့်အိမ်မှာကို မအိပ်ရဲအောင် ဖမ်းဆီးမှုတွေ လုပ်နေကြတယ်။” လို့ ပြောပါတယ်။ လမ်းတွေ စျေးတွေကိုလည်း နာရီမခြား ရဲကားတွေ စစ်ကားတွေနဲ့ ပတ်ပြီး အင်းအားပြနေကြပါတယ်။ ပေါင်းတည်မြို့မှာ လက်ရှိ လူအင်အားနဲ့ ဆန္ဒပြတာတွေ လုပ်လို့မရပေမယ့် ပြည်သူတွေ ကတော့ အခွင့်အရေးရရင် ရသလို ကျီးမနိုးသပိတ်တွေ၊ နေ့သပိတ်၊ ညနေသပိတ်တွေကို နေ့တိုင်းလိုလို ဆက်လက်လုပ်ဆောင်နေပါတယ်။ ဆန္ဒပြသူတွေကို ရိုက်နှက်ဖမ်းဆီးခေါ်သွားတာရှိသလို ဖမ်းဆီးခံထားရတဲ့ လူငယ်တွေလည်း အခုထိ ပြန်မလွတ်မြောက်သေးပါဘူး။ Photo credit - မြေလတ်အသံ #DVB#News Credit: