
သာကေတက သေဆုံးသူနှစ်ဦး ရုပ်အလောင်းလာအပ်ဖို့ ရဲစခန်းက အကြောင်းကြား သာကေတမှာ မနေ့မတ်လ ၁၂ ရက် သန်းခေါင်ကျော်အချိန်မှာ ပစ်ခတ်လို့သေဆုံးခဲ့တဲ့ ကိုစည်သူနဲ့ ကိုအောင်အောင်ဇော်တို့ရဲ့ ရုပ်အလောင်းတွေကို ရဲစခန်းကိုလာအပ်ဖို့ ဆက်သွယ်အကြောင်းကြားလာတယ်လို့ ကိုစည်သူရဲ့ အကိုဖြစ်သူက ဘီဘီစီကိုပြောပါတယ်။ "သာကေတ အမှတ် ၁ မြို့မရဲစခန်းကနေ စခန်းမှူးနဲ့ မြို့နယ်မှူးက ဘာပြောလဲဆိုတော့ သေမှုသေခင်းဖွင့်ပြီး စစ်ဆေးဖို့ မိသားစု လာခိုင်းတယ်။ ပြီးတော့ အလောင်းကို သူတို့သင်္ဂြိုဟ်ပေးမယ်ဆိုပြီးတော့ ပြောတယ်။ ကျွန်တော်တို့က လက်မခံနိုင်လို့ မသွားပါဘူး။ နေ့လယ် ၁၂ နာရီလောက်ကဆက်တာပါ။ ခုထိလည်း ခဏခဏ ဆက်နေပါတယ်။ စခန်းမှူးနဲ့ လာတွေ့ပါ။ မြို့နယ်မှူးလည်းရှိနေပါတယ်။ ရုပ်အလောင်းကိုလည်း သူတို့ကိုယ်တိုင် သေမှုသေခင်းဖွင့်မယ်။ အမှုဖွင့်ပြီးရင်ဘယ်လိုဖြစ်လို့သေရတာလည်းဆိုတာကို ဆေးစာတွေစစ်မယ်။ ပြီးတော့မှ သူတို့ ဆေးစာလက်မှတ်တွေထုတ်ပေးဖို့ ဒိအလောင်းကို သင်္ဂြိုဟ်လို့ရမယ်လို့ပြောပါတယ်" လို့ကိုစည်သူရဲ့အကိုက ပြောပါတယ်။ ဒီသတင်းအပါအဝင်နောက်ဆုံးရသတင်းများ တိုက်ရိုက်တင်ဆက်မှု https://www.bbc.com/burmese/live/burma-56331237 Credit: