No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

တရုတ်နိုင်ငံ ဝူဟန်မြို့ကို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က COVID- 19 ဇစ်မြစ်ကို စုံစမ်းစစ်ဆေးဖို့ ရောက်ရှိလာချိန်မှာပဲ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ဒီရောဂါဖြစ်ပွါးမှုတိုးလာနေပြီး အခု ၈ လအတွင်း ပထမဆုံးဒီရောဂါနဲ့ သေဆုံးမှုကို ကြာသပတေးနေ့မှာ တွေ့ရကြောင်း တရုတ်အာဏာပိုင်တွေက ပြောပါတယ်။ . တရုတ်နိုင်ငံမှာ အခုချိန်ထိ သေဆုံးရသူ ၄၆၀၀ ကျော်ရှိပါတယ်။ နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်အတွက် ကန့်သတ်မှုတွေ တင်းတင်းကြပ်ကြပ်ချထားသလို ရောဂါရှိသူကိုခြေရာခံလိုက် ထိန်းချုပ်မှုတွေ လုပ်တဲ့အတွက် ဒီရောဂါနဲ့ သေဆုံးရသူဟာ တခြားနိုင်ငံတွေနဲ့ ယှဉ်ရင်နည်းပါးတာ ဖြစ်ပါတယ်။ . တရုတ်နိုင်ငံမှာ နှစ်သစ်ကူးအားလပ်ရက် ကျင်းပမယ့် ဖေဖေါ်ဝါရီလ မတိုင်ခင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်နိုင်ရေး အတွက် ဘေဂျင်း၊ ဟာဘေး နဲ့ တခြားဒေသတွေက ဒေသခံ သန်း ၂၀ ကျော်အတွက် ကန့်သတ်ပိတ်ပင်မှု အမျိုးမျိုး ချမှတ်ထားတာပါ။ . ဒီရောဂါဆိုင်ရာ သီးခြားလွတ်လပ်တဲ့ စုံစမ်းမှုတွေခွင့်ပြုဖို့ တောင်းဆိုနေတဲ့ နိုင်ငံတွေနဲ့ တရုတ်နိုင်ငံကြား သံတမန်ရေး သဘောတူညီချက်မရနိုင်ပဲ ဖြစ်နေရာကနေ တနှစ်လောက်ဆွေးနွေးပြီးမှ WHO စုံစမ်းရေးမှုးတွေ အခုကြာသပတေးနေ့မှာ ဝူဟန်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ WHO အဖွဲ့ဝင် ၁၀ ဦး စင်္ကာပူရောက်လာချိန် ဆေးစစ်မှုကနေ ၂ ဦးမှာ ကိုယ်ခံအားရှိနေကြောင်း တွေ့ရှိခဲ့တဲ့ အတွက် ကျန်အဖွဲ့ဝင်အားလုံးပါ ၁၄ ရက် quarantine ဝင်ပြီးမှ ဝူဟန်ကို သွားရောက်နိုင်တာပါ။ . ၂၀၁၉ နှစ်ကုန်မှာ ဝူဟန်မှာ စတင်ခဲ့တဲ့ ဒီကပ်ရောဂါဟာ ကမ္ဘာတလွှားကိုပြန့်သွားခဲ့ပြီး အခုဆို အကူးစက်ခံရသူ ၉ ၂ သန်းကျော်နေနဲ့ သေဆုံးရသူက ၂ သန်းနီးပါး ရှိနေပြီလို့ Johns Hopkins တက္ကသိုလ် စစ်တမ်းမှာ ဖေါ်ပြပါတယ်။ အာရှတလွှားနေရာအတော်များများမှာ ဒီရောဂါကူးစက်မှုတွေ တိုးလာနေပြီး ဂျပန်နိုင်ငံမှာတော့ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အရေးပေါ်အခြေနေ ကနဦးကြေညာခဲ့သလို ခရိုင် ၇ ခုအတွက်ပါထပ်တိုး ထားပါတယ်။ ကိုကား=VOA Burmese News #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife Credit: