No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

CDM လုပ်သည့် မလွှကုန်းမီးရထားဝန်ထမ်းများကို တိုင်းမန်နေဂျာကအစည်းဝေးခေါ်ယူသော်လည်း မတက်ရောက်ကြ ရန်ကုန် - ၂၀၂၁ မတ် ၁၅ (မော်ကွန်း) မလွှကုန်း မီးရထားဝန်ထမ်းများအား CDM ကိစ္စနှင့် ပတ်သက်၍ ​မြန်မာ့မီးရထား၊ အောက်မြန်မာပြည် တိုင်းမန်နေဂျာက အစည်းအဝေးနှစ်ကြိမ်တိုင် ခေါ်ယူသော်လည်း တက်ရောက်သူမရှိသဖြင့် အစည်းအဝေး ပျက်ခဲ့ရကြောင်း ဝန်ထမ်းမိသားစုများက ပြောသည်။ အစည်းအဝေး​ခေါ်ယူရခြင်းမှာ CDM လုပ်သည့်ဝန်ထမ်းများကို အလုပ်မှတစ်ခါတည်း ထုတ်ပယ်ရန်ဖြစ်ပြီး မနေ့က တစ်ကြိမ်၊ ယနေ့တစ်ကြိမ် ခေါ်ယူခဲ့ခြင်း ဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။ "မနေ့က ခေါ်တော့ အစည်းအဝေးတက်မယ့်သူမရှိလို့ မလုပ်ဖြစ်ဘူး။ ဒီနေ့ အစည်းအဝေးလာတက်မယ့် သူကို ငွေနှစ်သောင်း ထုတ်ပေးမယ်ကြားတယ်။ ဒါပေမဲ့ ဘယ်သူမှ မသွားဘူး" ဟု CDM ဝန်ထမ်းတစ်ဦးက ပြောသည်။ ယနေ့အထိ မလွှကုန်းမီးရထားဝန်းထဲတွင် စစ်တပ်က နေရာယူထားပြီး ဝန်ထမ်းများအား အလုပ်ဆင်းရန် ဖိအားပေးနေသော်လည်း ဝန်ထမ်းများက CDM ဆက်လုပ်ရန်သာ အားသန်နေကြသည်။ ပုံစာ - လူမနေတော့ဘဲ သော့ပိတ်ထားသည့် CDM မလွှကုန်းမီးရထားဝန်ထမ်း လိုင်းခန်း Credit: