No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

စစ်အာဏာရှင်ကျဆုံးရေး ဖားကန့်မြို့မှာ ဆန္ဒပြ ~~~~~~ ■ ကချင်ပြည်နယ် ဖားကန့်မြို့မှာ စစ်အာဏာရှင်ကျဆုံးရေးအတွက် ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။ မော်ဝမ်းရပ်ကွက်၊ အေးမြသာယာ၊ လုံးခင်းနဲ့ ဆိပ်မူကျေးရွာတွေမှာ ဆန္ဒပြခဲ့ကြတာပါ။ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့က ဆန္ဒပြသူတွေကို ရာဘာကျည်၊ သေနတ်ကျည် အသုံးပြု ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် ဒဏ်ရာရရှိသူတွေရှိခဲ့သလို ကိုကျော်လင်းထိုက် ကျည်ထိမှန်သေဆုံးခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း ဖားကန့်မြို့အတွင်းမှာ ဆန္ဒပြလို့မရအောင် စစ်သားနဲ့ ရဲတွေက လမ်းတွေကိုပိတ်ထားပြီး ရပ်ကွက်၊ ကျေးရွာတွေမှာ ဆန္ဒပြတဲ့သူတွေကိုတော့ တားဆီးဖြိုခွင်းတာ မရှိခဲ့ပါဘူး။ Credit: