
ယနေ့ထွက်လာတဲ့ ကလေးမြို့က စစ်အာဏာရှင်တော်လှန်ရေး သပိတ်စစ်ကြောင်း ရန်ကုန် - ၂၀၂၁ မတ် ၃၀ (မော်ကွန်း) စစ်အာဏာရှင်တော်လှန်ရေး ကလေးမြို့သပိတ်စစ်ကြောင်းကတော့ ဒီကနေ့ နံနက်ပိုင်းမှာ စတင်နေပါပြီ။ မနေ့ကတော့ ကလေးမြို့ပေါ်က သပိတ်တွေ ဖြိုခွဲမခံခဲ့ရဘူးလို့ သတင်းပေးပို့တဲ့ မြို့ခံကဆိုပါတယ်။ ရန်ကုန်မြို့အပါအဝင် မြို့ကြီးတွေမှာ မနေ့က စစ်ကောင်စီရဲ့တပ်တွေက သပိတ်တွေကို ပစ်သတ်ဖြိုခွဲခဲ့ပါတယ်။ မတ်လ ၂၉ ရက်နေ့အထိ စစ်ကောင်စီရဲ့ ပစ်ခတ်မှုတွေကြောင့် ကျဆုံးခဲ့ရသူ ဦးရေဟာ ငါးရာကျော်ရှိနေပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ပါတယ်။ Credit: