No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မူဆယ်တွင် စစ်ဘေးရှောင်ပြည်သူများအတွက် သီချင်းဆို အလှူခံနေသည့် လူငယ် ၆ ဦး ဖမ်းဆီးခံရ DVB ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ရှိ မြို့မဈေးမှာ မတ်လ ၂၆ ရက် ဒီနေ့မနက်က စစ်ဘေးရှောင်ပြည်သူတွေကို ထောက်ပံ့ကူညီနိုင်ဖို့ သီချင်းသီဆို အလှူငွေ ကောက်ခံနေကြတဲ့ လူငယ် ၆ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့ ကာယကံရှင် လူငယ်တွေရဲ့ မိဘတွေက မူဆယ် ရဲစခန်းကို သွားမေးမြန်းခဲ့ပေမယ့် ဘယ်နေရာကို ခေါ်ဆောင်ပြီး စစ်ဆေးမေးမြန်းတယ်ဆိုတာ မသိရလို့ အထူးစိုးရိမ် ပူပန်နေရ​တယ်လို့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။ http://burmese.dvb.no/archives/466070 #DVB #News #မူဆယ် #စစ်ဘေးရှောင်များ #အလှူခံလူငယ်၆ဦး #WhatsHappeningInMyanmar #RejectMilitaryCoup #ReleaseTheDetainees #CrimesAgainstHumanity #HumansAreNotShields Credit: