No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မိသားစုဝင်များက စီနိုဗက်ကာကွယ်ဆေးကြောင့်ဟု ယုံကြည် ရုတ်တရက်နှလုံးကြွက်သားသွေးပြတ်ခြင်းကြောင့်ဟု ဆရာဝန်ကောက်ချက်ချ . ဖန်ငါရှိ အမျိုးသားတဦးရှော့ခ်ဖြစ်ပြီးသေဆုံး၊ စီနိုဗက်ကာကွယ်ဆေးကြောင့်ဟု မိသားစုဝင်များ ယုံကြည်၊ ရုတ်တရက်နှလုံးကြွက်သားသွေးပြတ်လပ်ခြင်းကြောင့်ဟု ဆရာဝန် ဆို။ . ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့တွင် ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငါခရိုင်၊ ဖန်ငါမြို့နယ်၊ ထိုင်းချန်းကျေးရွာ အုပ်စု၊ ပရာချာဖာနစ်လမ်း၊ အိမ်အမှတ် ၉ဝ/၁ တွင် နေထိုင်သော အသက် ၄၃ နှစ်ရှိအမျိုးသားတဦး သည် ညညဥ့်နက်ချိန်တွင်သေဆုံးသွားသည်ဟု သိရသည်။ . ၎င်းအမျိုးသားသည် ရင်ဝအောင့်ခြင်းနှင့်ရင်ဝတင်းကျပ်သည့်ဝေဒနာကိုခံစားရပြီးနောက် လစ်ခနဲမေ့ မြောသွားခြင်းကြောင့် ဖန်ငါပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း ဆေးရုံတွင်သေဆုံးခဲ့သည်ဟု သိရသည်။ . အဆိုပါအမျိုးသားသေဆုံးမှုနှင့်ပတ်သက်ပြီး ရုတ်တရုတ်နှလုံးကြွက်သားသွေးပြတ်လပ်ခြင်းကြောင့်ဟု ဆရာဝန်မှ ကောက်ချက်ချထားသော်လည်း သေဆုံးသူသည်ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့တွင် ဖူကက်လေဆိပ်၌ စီနိုဗက်ကိုဗစ်ကာကွယ်ဆေးသွားရောက်ထိုးနှံထားခြင်းကြောင့် ကာကွယ်ဆေး ကြောင့်သေဆုံးခြင်းဖြစ်နိုင်သည်ဟု မိသားစုဝင်များက သံသယရှိကြသည်။ . သူမ၏အမျိုးသားသည် အားကစားပြုလုပ်လေ့ရှိပြီး သွေးတွင်းအဆီဓာတ်မြင့်မားရောဂါရှိနေသည်ဟု သေဆုံးသူ၏အမျိုးသမီးက ဆိုသည်။ ပုံမှန်အားဖြင့် ဖန်ငါခရိုင်နှင့်တောင်ပိုင်းခရိုင်တချို့တွင် အခြောက် ခံပင်လယ်စာများကိုကားမောင်းပို့သည့်အလုပ်ကိုလုပ်ကိုင်လေ့ရှိပြီး ပြီးခဲ့သည့် တနင်္ဂနွေ့နေ့ နေ့လယ် ပိုင်းတွင် ဖူကက်လေဆိပ်၌ စီနိုဗက်ကိုဗစ်ကာကွယ်ဆေးကို သွားရောက်ထိုးနှံခဲ့သည်ဟု သူမကဆို သည်။ . ကာကွယ်ဆေးထိုးနှံသည့်နေ့တွင် စိတ်လှုပ်ရှားခြင်းကြောင့် သွေးတိုးနေ၍ ၁ နာရီခန့်နားနေပြီးမှထိုးနှံခဲ့ ရသည်ဟု ဆိုသည်။ အိမ်ပြန်ရောက်သည့်အခါတွင် ကိုယ်လက်မအီမသာဖြစ်ခြင်းကြောင့် ပါရာစီတမောဆေးပြားသောက်ပြီး ဖူကက်သို့ပစ္စည်းသွားပို့ခဲ့သည်ဟု ဆိုသည်။ . အိမ်ပြန်ရောက်သည့်အခါ အဖျားဝင်နေပြီး ညဘက်တွင်ခြေကုန်လက်ပန်းကျလာကာ ကိုယ်အရမ်းပူ လာသည်ကိုတွေ့ရသည်ဟု ဆိုသည်။ ထို့နောက် ရင်ဝအောင့်လာပြီး တကျွတ်ကျွတ်နာကျင်နေသည် ဟုဆိုပြီးသူမအားနှိပ်နယ်ခိုင်း၍ နှိပ်နယ်ပေးနေစဉ် လစ်ခနဲမေ့မြောသွားခြင်းကြောင့် ဖန်ငါဆေးရုံသို့ အားချင်းပို့ဆောင်ပေးခဲ့ရသည်ဟု သူမကဆိုသည်။ . ဆေးရုံသို့ရောက်ရှိချိန်တွင် နှလုံးမခုန်တော့ခြင်းကြောင့် ဆရာဝန်မှနာရီဝက်ခန့်နှလုံးရှော့ခ်ရိုက်ပေး သော်လည်း အသက်မကယ်နိုင်ဘဲသေဆုံးခဲ့သည်ဟု သူမကဆက်လက်ပြောကြားသည်။ . Ref: bangkokbiznews Photo : Phuket Time . #Myanmarworkinthailand #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #Postbykyawkyawoo Credit: