No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ဧရာဝတီတိုင်း၊ကျုံပျော်မြို့နယ်ထဲက လှေဆွဲကျေးရွာအနီးမှာ ဒီနေ့ ဇွန်လ ၅ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ဒေသခံတွေ ပစ်ခတ်မှုဖြစ်ရာ ဒေသခံ ၃ ဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့သိရပါတယ်။ ‘‘ဒလန်သတင်းပေးလို့ ငှက်ပျောလှေဆွဲတဲ့သူကို လက်နက်သယ်တယ်ဆိုပြီးဖမ်းတာ။ ကိုယ့်လူတော့ အပါ မခံနိုင်ဘူး။ပါလို့ရှိရင်တော့ ကိုယ့်ရှိတာလေးနဲ့ ပြန်ပြီးတော့ချမယ်ပေါ့ဆိုပြီး စုပြီးသွားရာက သူတို့ဘက်က မြင်ပြီး စပစ်တော့တာပဲ။ ကျွန်တော်တို့ဆီမှာက ဂတ်စ်သေနတ်လောက်ပဲရှိတာ။ ဘာဗုံး၊ဘာလက်နက်မှ မရှိဘူး။’’လို့ ပစ်ခတ်မှုအတွင်းရှိနေခဲ့တဲ့ဒေသခံတစ်ဦးကပြောပါတယ်။ Credit: