
မင်တပ်စစ်ဘေးရှောင်အများစုနေသော ရွာများကို စစ်ကောင်စီ တိုက်ခိုက် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၆ ရက်။ ယနေ့ (ဇွန် ၆) ရက် နံနက် ၁၀ နာရီ ဝန်းကျင်မှစ၍ စစ်ဘေးရှောင်များ ရှိရာသို့ စစ်ကောင်စီတပ်များမှ စစ်ကြောင်း ၂ ကြောင်းခွဲ ထိုးစစ် ဆင်လာခဲ့သည်။ မင်းတပ်မြို့ စိချဲ့ရပ်ကွက်ဘက်မှ ဆင်းလာသော အင်အား ၈၀ ခန့်ရှိသည့် စစ်ကြောင်းသည် ရှက်ရွာဘက်ကို တက်လာပြီး ဒေသခံ CDF များနဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်။ အင်အား ၉၀ ကျော်ခန့်ပါသော နောက်ထပ် စစ်ကြောင်းမှာ မင်းတပ်မြို့အရှေ့ဘက်ရှိ ဘောင်ထဲရွာသို့ ဆင်းလာပြီး ချောင်းဆုံမှ တဆင့်တက်လာချိန်တွင် CDF တပ်ဖွဲ့ဝင်များနှင့် ချောင်းဆုံအနီး တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ ဇွန် ၃ ရက်နေ့မှစ၍ ရွှေအောင်သာရွာဘက်မှ ထိုးစစ်ဆင်လာသော အင်းအား ၁၂၀ ခန့်ရှိသည့် စစ်ကောင်စီတပ်များနှင့် CDF တပ်များသည်လည်း ယနေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ စစ်ကောင်စီတပ်များသည် လက်နက်ကြီးများကိုတောက်လျှောက်အသုံးပြုလာပြီး ယနေ့မနက် ရှက်ရွာတိုက်ပွဲမှ ဒဏ်ရာရလာသူတစ်ဦးသည် ဓာတုလက်နက်များရှုရှိုက်မိ၍ အဆိပ်သင့် လက္ခဏာများ ခံစားရသည်ကို တွေ့ရသည်ဟု မင်းတပ်ပြည်သူ့ အုပ်ချုပ်ရေး - သတင်းအဖွဲ့က သတင်းထုတ်ပြန်ပါသည်။ Media 9 source - မင်းတပ်ပြည်သူ့ အုပ်ချုပ်ရေး - သတင်းအဖွဲ့ Credit: