
ကေအိုင်အေ၏ တိုက်ခိုက်မှုကိုခံရသည့် မိုင်းနားစုပေါင်းဂိတ်က စစ်ကောင်စီရဲနှစ်ဦးဒဏ်ရာရ ဝိုင်းမော်မြို့နယ် ဗလမင်းထင်တံတားအနီးရှိ စစ်ကောင်စီစုပေါင်းဂိတ်အား ဇွန် ၂၃ရက်ညတွင် ကေအိုင်အေတပ်မှတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီရဲနှစ်ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။ မိုင်းနားကျေးရွာရှိ ရဲစခန်းအတွင်းမှ ရဲမိသားစုများလည်း အမှတ်(၁) ရဲစခန်းသို့ ပြောင်းရွှေ့ နေထိုင်နေကြောင်း သိရသည်။ ထို့အပြင် မိုင်းနားကျေးရွာ စစ်ကောင်စီတပ်စခန်းကို ဇွန် ၂၃ရက်ညနေတွင် ကေအိုင်အေမှ ဗုံးခွဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်မှ အနီးရှိကျေးရွာများသို့ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီ စုပေါင်းရုံးတွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။ Source- Kachin Waves Credit: