
အခြေခံပညာ အငြိမ်းစားဆရာ၊ဆရာမများအဖွဲ့ ဝန်ကြီးများရုံးရှေ့တွင် စစ်ကောင်စီကို ဆန္ဒထုတ်ဖော် ရန်ကုန်၊၂၀၂၁ ဖေဖော်ဝါရီ ၁၇ (မော်ကွန်း) အခြေခံပညာ အငြိမ်းစားဆရာ၊ဆရာမများအဖွဲ့က ဝန်ကြီးများရုံးရှေ့ အနော်ရထာလမ်းပေါ် တွင် ယနေ့ ၉ နာရီဝန်းကျင်က စစ်ကောင်စီကို ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြသည်။ "စစ်အာဏာရှင်စနစ်မှာ လုံဝမနေနိုင်ဘူး။မတရားလုပ်တာ လုံဝမနေနိုင်ဘူး။ အခုက ကိုယ့်ရဲ့သား၊သမီး၊မြေး၊မြစ်၊တပည့်လေးတွေ ကိုယ့်အနာဂတ်တိုင်းပြည်ကောင်းစားဖို့အတွက် အားလုံးက ဆန္ဒပြကြတာပဲ"ဟု ပုဇွန်တောင်မြို့နယ်၊အငြိမ်းစားကျောင်းဆရာမ ဒေါ်ကြူကြူဇင်က မော်ကွန်းသို့ပြောသည်။ ထိုဆရာ၊ဆရာမများသည် ရန်ကုန်မြို့ထဲရှိ မြို့နယ်များမှ နေထိုင်ကြသူများဖြစ်ကြပြီး အင်အား ၁၂၀ ဖြင့် ဒုတိယအကြိမ် ဆန္ဒဖော်ထုတ်ခြင်းလည်းဖြစ်သည်။ ဓါတ်ပုံများ - မော်ကွန်းမဂ္ဂဇင်း Credit: