
ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုကို ဒေါ်အောင်ဆန်းစုကြည်လာရောက်ကြည့်ရှု နေပြည်တော်ရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးစတင်ထိုးနှံပေးနေမှုကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် လာရောက်ကြည့်ရှုခဲ့သည်။ မြန်မာနိုင်ငံတွင် COVID- 19 ကာကွယ်ဆေးကို ယနေ့ကစတင်၍ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ရှေ့တန်းမှတာဝန်ယူဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများကို စတင်ထိုးနှံပေးနေပြီဖြစ်သည်။ ဇန်နဝါရီ ၂၉ ရက်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ဇန်နဝါရီ ၃၀ရက်တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကို ထိုးနှံပေးမည်ဖြစ်သည်။ ယင်းသို့ ထိုးနှံနိုင်ရန်အတွက် ဇန်နဝါရီ ၂၂ ရက်က အိန္ဒိယနိုင်ငံမှ ချစ်ကြည်ရေးလက်ဆောင်အဖြစ် COVID-19 ကာကွယ်ဆေး (COVISHIELD) တစ်သန်းခွဲကို လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတစ်ဝန်း COVID- 19 ကာကွယ်ဆေးထိုးလုပ်ငန်းကိုဖေဖော်ဝါရီ ၅ ရက်တွင် စတင်ဆောင်ရွက် မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယမန်နေ့တွင် အသိပေးကြေညာသည်။ ဓာတ်ပုံ - ပိုင်စိုးသူ https://7day.news/302588 Crd