No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မန္တလေးမှာလည်း ကာကွယ်ဆေး စထိုးပြီ ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေ့နှုန်း အနည်းငယ်တက်လာနေတဲ့ မန္တလေးမြို့မှာလည်း ကိုဗစ်ကာကွယ်ဆေးကို ဇန်နဝါရီ ၂၇ ရက်နေ့လယ်ပိုင်းမှာ စတင်ထိုးနှံခဲ့ပါတယ်။ အခုမြင်ကွင်းတွေကတော့ မန္တလေးဆေးတက္ကသိုလ်မှာ ကိုဗစ်ကာကွယ်ဆေးထိုးနေပုံတွေဖြစ်ပါတယ်။ ဆေးတက္ကသိုလ်မှာ မွန်းလွဲ ၂နာရီက စတင်ထိုးနှံခဲ့တာဖြစ်ပြီး ခွဲစိတ်ကုဆရာဝန်၊ မေ့ဆေးအပါအဝင် ကျန်းမာရေးဝန်ထမ်း ၈၃၈ ယောက်ကို သုံးရက်ဆက်တိုက် ထိုးနှံပေးသွားမှာ ဖြစ်တယ်လို့ ဆေးတက္ကသိုလ် ပါမောက္ခချုပ်ကပြောပါတယ်။ ဓာတ်ပုံ-တာရာ Crd